Nov 19, 2007

ငါ ဘာကောင်လဲ .....???

ကို Zerotrash ပြောမှဘဲ ကိုယ့်ကိုယ့်ကို မှန်ထဲ သေချာပြန်ကြည့်မိတယ်။ လူဆိုတာက ကိုယ့်ကိုယ်ကို အပြစ် မြင်ဖို့တော့ အခက်သားလား။ ကျွန်တော် လုပ်ငန်းခွင်ကိုဝင်တဲ့ တစ်ရက်မှာဘဲ မိတ်ဆွေတစ်ယောက်နဲ့ စကား လက်ဆုံ ပြောဖြစ်တယ်။ မိတ်ဆွေက ကျွန်တော် မြင်သမျှ သူ့မှာရှိတဲ့ အားနည်းချက်၊ အပြစ်တွေကိုပြော ပြစမ်း ပါတဲ့ လေ။ အဲဒါဆိုရင်တော့ ကျွန်တော်တို့ မိုးလင်းပေါက်စကားပြောရင်တောင် ပြီးမှ မဟုတ်ဘူးလို့ ပြန်ပြော လိုက် ပါတယ်။ အခုတော့ ကိုယ့်ပုံစံ၊ ကိုယ်စိတ်နေစိတ်ထားကို၊ ကိုယ် ကိုယ်တိုင် စာတွေရေးသားရမယ့် အလှည့်ကို ရောက်လာပါပြီ။ ရေးတော့မယ်ဗျာ ……..
ပုံပန်းသဏ္ဍန်
© ဆံပင်ကအတို၊ အမြဲတမ်းအတိုဘဲထားတတ်တယ်။ ဘာလို့လဲဆိုတော့ ခေါင်းဖြီးရမှာပျင်းလို့၊ ပြီးတော့ ငယ် ငယ်လေးကတည်းက အုန်းဆီအနံ့ကို ခံလို့မရလို့။
© နဖူးကတော့ ပုံမှန်ပါဘဲ။ အများသူငါတွေလို မထူးမခြားပါဘဲ။ နဖူးပေါ်က မျက်ခုံးတွေကတော့ မည်းနက်နေ တယ်။ သူမတူအောင်ပေါ့။
© မျက်လုံးကတော့ အညိုရောင်ပါဘဲ။ အရာရာကိုကြည့်တိုင်း ထွင်းဖောက်ပြီး ကြည့်တတ် မြင်တတ်တယ်။ အထူးသဖြင့် မာတုကာမတွေကိုပေါ့ :D
© နှာတံကတော့ ခပ်ဆင်းဆင်းလေးပါ။ မီးမီး၊ မမ တွေရဲ့ အကြိုက်ပေါ့။
© နည်းနည်း ၀တယ်။ ဂျင်းဆိုရင် ၃၅ တောင် သိပ်မတော်ချင်တော့ဘူး။ ၀ ချင်လို့ ၀တာတော့ မဟုတ်ပါဘူး။ ချစ်သူ စိတ်ဆိုးတဲ့အခါ ဗိုက်ခေါက် ဆွဲလိမ်ရင် အသားမရှိမှာဆိုးလို့၊ သက်သက်မဲ့ ၀ ထားတာ။
© အလေးချိန် ထမင်းမစားမီ ၁၇၅ ပေါင်ခန့်၊ ဘာညာသောက် ထမင်းစားပြီး ၁၈၀ ခန့်။ :P
© လက်ချောင်း၊ ခြေချောင်းတွေကတော့ ခပ်တုတ်တုတ်ဘဲ။ ခပ်တုတ်တုတ်ဆိုလို့ လက်ကြမ်းကြီးလို့ ထင်ချင် ထင်နေမယ်နော်။ ဟုတ်ဘူး။ ကိုင်ဘူးတဲ့ ကောင်မလေးတွေကတော့ အရမ်းနုတယ်လို့ မှတ်ချက်ပေးကြတာဘဲ။
အချက်တွေအားလုံးကို ခြုံကြည့်လိုက်တော့ မဆိုးပါဘူး၊ သင့်ပါတယ်။ သင့်ပါတယ်ဆိုတော့ ဘယ်လို ပြောရမလဲ Handsome နဲ့ Gentleman ကြားထဲမှာလောက်တော့ ရှိတယ်ပေါ့။ အဲဒီလောက်ဆိုလည်း မဆိုးပါ ဘူး။ ချစ်သူကဆို ကျွန်တော့်ကို ရစ်ချက်ဒ်ဂီရိနဲ့တူတဲ့ ခန့်ချောကြီးတဲ့။ :D
စိတ်နေစိတ်ထား
© စိတ်ကြီးတယ်။ ဒေါသထွက်လွယ်တယ်။ ကောက်ရိုးမီးလိုဘဲ။ ခဏကြာရင် အေးဆေးဖြစ်သွားတတ်တယ်။
© သူများအကျိုး၊ ကိုယ့်အကျိုး ထိခိုက်သွားအောင် တစ်ခါမှ မလိမ်ဘူး ဘူး။
© ရန် ကိုအတတ်နိုင်ဆုံးရှောင်တယ်။ အခုအသက်အရွက်ထိ တစ်ခါမှ စကားများ ရန်ဖြစ်တာမျိုးမရှိဘူး။ အားလုံးနဲ့ တည့်အောင်နေတတ် ပေါင်းတတ်တယ်။
© သစ္စာတရားကို အရမ်းခုံမင်တယ်။ ဖောက်လွဲ၊ ဖောက်ပြန်တွေကို အရမ်းမုန်းတယ်။
© သီချင်းနားထောင်တာ ၀ါသနာပါတယ်။ တိုးတိုးလေး နားမထောင်တတ်ဘူး၊ Soundbox ကို Max လုပ်ပြီးမှ နားထောင်တယ်။
© စိတ်ညစ်တယ်ဆိုတာ တော်တော်ရှားပါတယ်။ အရာရာကို ပျော်ပျော်ဘဲ ရင်ဆိုင်ဖြစ်ခဲ့တယ်။
© အရက်၊ ဘီယာ၊ ဆေးလိပ် အားလုံးကြိုက်တယ်။ ဆေးလိပ်တော့ ဖြတ်လိုက်ပြီ။ ကျန်းမာရေးကြောင့် ကျန်တဲ့ နှစ်ခုကတော့ အမြဲတမ်းမဟုတ်တောင် တစ်ခါတစ်ရံတော့ …….
© ကိစ္စရပ်တစ်ခုကို မသိလို့လာမေးရင် အသေးစိတ် သေချာရှင်းပြတတ်တယ်။
© ကိုယ့်ကို ဆက်ဆံစေချင်သလိုမျိုး၊ လူတိုင်းကို ဆက်ဆံတယ်။
© ဖြစ်ချင်တာတစ်ခုကို စိတ်ထဲမှာ စွဲစွဲမြဲမြဲထား ဘုရား၊ တရားနဲ့အတူ တွဲပြီး အမြဲဖြစ်အောင် ကြိုးစားတယ်။ ဒီနေ့ အထိတော့ အားလုံး အဆင်ပြေခဲ့တာကြည့်ဘဲ။
အရမ်းချစ်တတ်တယ်။ ခံစားရ အရမ်းလွယ်တယ်။ မိသားစုအပေါ်ကို အရမ်းတွယ်တာလွန်းတယ်။ ဘာ ဘဲဖြစ်ဖြစ် ကိုယ်ကဘဲ လုပ်ပေးချင်တယ်။ သူငယ်ချင်းတွေနဲ့ ပါတ်သက်လာရင် ကိုယ်က အမြဲအနစ်နာခံပြီး ပေါင်းတတ်သင်းတတ်တယ်။ ဒီနေ့အထိ ကျွန်တော့်မှာ ရန် အင်မတန်နည်းပါးတယ်လို့ထင်တယ်။ အခြား စိတ်နေစိတ်ထားတွေလည်း အများကြီး ရှိဦးမှာပါ။ ကျွန်တော် ချရေးလိုက်တာတော့ တော်တော်များများထွက် လာတယ်။ ကိုယ့်အကြောင်းတွေကို ရင်ဖွင့်လိုက်ရလို့ စိတ်ထဲမှာ တော်တော်ပေါ့သွားတယ်။ လာပြီး Tag တဲ့ ကိုZeroTrash ကိုကျေးဇူးတင်ပါတယ်။ ဒီလောက်ပါဘဲ။
မိုးစက်

19 . 11 . 2007 (1:16 AM)

3 comments:

Yan said...

ရာဇ၀င်အား... ရေးသားနေတယ်...
ငါဘာကောင်လဲ... စဉ်းစားလိုက်ဦး...

သျှီဆိုထားတာ သတိရသွားလို့ပါ..

:D

ဆက်ရေးပါဗျာ... တန်းလန်းကြီးမထားသွားပါနဲ့

Chaos said...

ဟုတ်တယ်
တန်းလန်းမကောင်းဘူးနော်

zeRoTraSh said...

ရင်ဖွင့်လိုက်ရလို့ ပေါ့ပါးသွားတယ်ဆိုတာ သိပ်ကောင်းတာပေါ့ မိုးစက်ရယ် အဲဒါကြောင့် တက်ခ်လိုက်တာလေ။ ဘီယာ အင်း ဘီယာတူတူ သောက်ကြအုံးစို့ရဲ့။ ဆုံဖြစ်ကြုံဖြစ်ရင်ပေါ့လေ ခုလို မှတ်မှတ်ရရ ပြန်ရေးပေးတဲ့ အတွက် အထူးကျေးဇူးတင်ရှိပါကြောင်း ပြောကြားလိုပါ၏။ :D