Nov 14, 2007

ဖွင့်ဟ၀င်ခံခြင်း (၂)

အားလုံး မင်္ဂလာပါ ခင်ဗျာ။ ကျွန်တော့် ဘလောဒ့်ကို လာရောက်လည်ပတ်တဲ့ မိတ်ဆွေ၊ သူငယ်ချင်း အားလုံး စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာပြီး လိုအင်ဆန္ဒတွေအားလုံး ပြည့်ဝကြပါစေလို့ ဆုတောင်းလိုက်ပါတယ်။ အခုတလော ကျွန်တော် စာသိပ် မရေးဖြစ်ဘူးဗျာ။ အလုပ်တွေ အရမ်းရှုပ်နေတာလည်းပါတယ်။ နောက်တစ်ခုက ကျွန်တော့်ဘလောဒ့်မှာ တင်ဖို့ဆိုပြီး၊ ကျွန်တော်စာတွေ အများကြီးရေးထားပါတယ်။ ဟိုအကြောင်းလေး တွေးမိပြန်ရင်ချရေးလိုက်၊ ဒီအကြောင်းလေး တွေးမိပြန် ရင်လည်း ချရေးလိုက်နဲ့ အားလုံးကို ရေးထားတာပါ။ ကျွန်တော် နေ့တိုင်းစာတွေ ရေးနေပါတယ်။ ဒါပေမယ့် တစ်ခုမှ အဆုံး မသတ်ဘူး ဖြစ်နေတယ်ဗျာ။


Everything Is Blogable ဆိုတာတော့ ဟုတ်ပါတယ်။ ဒါပေမယ့် ကျွန်တော်က ၀ထ္တုတိုပိုင်းကို ပိုအားသန်ပြီး ရေးချင်တာကြောင့်၊ တင်ပြချင်တဲ့ အကြောင်းအရာတော်တော်များများကို ကျွန်တော် ၀ထ္တုတိုပုံစံမျိုး ဖြစ်နိုင် အောင် အတတ်နိုင်ဆုံး ရေးသားခြင်းပါ။ ကွန်ပျူတာထဲမှာလဲ ဟိုတစ၊ ဒီတစ ရေးထားတဲ့ Word ဖိုင်တွေဆိုရင် အများကြီးပါဘဲ။ နေ့တိုင်းတော့ စာတွေရေးနေတာဘဲ တစ်ခုမှ အဆုံးမသတ်ဘူးဖြစ်နေတယ်။ ဒီနေ့မှာတော့ ဘလောဒ့်တွေကို သွားလည်ရင်း ကျွန်တော် ဘလောဒ့် ဘယ်နှစ်ပုဒ် ရေးပြီးပြီလဲ၊ တစ်လကို ကျွန်တော် ဘယ် လောက်ရေးနိုင်လဲ ဆိုတာကို သေချာကြည့်မိတယ်။ အများဆုံးရေးနိုင်တဲ့ လက ၃ ပုဒ်လောက်ဘဲရှိတယ်။ အဲဒီ ထက်ပိုပြီး မရေးနိုင်ဘူးဖြစ်နေတယ်။ တစ်ချို့ရေးထားတာလေးတွေရှိတယ်။ မပီပြင်တော့ ကျွန်တော် မတင်ပြ ချင်ဘူးဖြစ်နေတယ်ဗျာ။ ပြီးတော့ ကျွန်တော် ကျင်လည်ခဲ့တဲ့ ပတ်ဝန်းကျင်က အထက်တန်းကျောင်းသားဘ၀ လောက်ဘဲ လူမှုနယ်ပယ်ဖြစ်နေတော့ တစ်ချို့ကျွန်တော်ရေးချင်တဲ့အပိုင်းတွေမှာ မကျွမ်းကျင်တဲ့ လူမှုနယ်ပယ် တွေပါနေတော့ ရေးရတာ၊ စိတ်ထဲ တကယ်မလုံဘူးဖြစ်နေတယ်။ ကျွန်တော် သိသလောက်၊ ရေးတတ်သ လောက် ကျွန်တော့် ပတ်ဝန်းကျင်က အကြောင်းအရာလေးတွေကို အခြေခံပြီး ဒီလက စလို့၊ မပြတ်ရေးပြီး ကျွန်တော်ရဲ့ ဘလောဒ့်မှာ တင်ပြနိုင်အောင် ကြိုးစားသွားပါ့မယ်။ ပြန့်ကျဲနေတဲ့ အပိုင်းအစတွေကို အတတ်နိုင် ဆုံး စိတ်ထည့်ပြီး ရေးသားလိုက်ပါဦးမယ်။ အသစ်၊ အသစ်တွေကို စောင့်ဆိုင်းပြီး အားပေး ဖတ်ရှု့တဲ့ မိတ်ဆွေ သူငယ်ချင်း အားလုံးကိုလည်း ကျေးဇူးအထူးတင်ရှိကြောင်း ပြောပါရစေခင်ဗျာ။

မိုးစက်

14 . 10 . 2007 ( 12:38 AM )


3 comments:

Chaos said...

အပိုင်းအစတွေ
တစ်စစီပြန်ကောက်ဆက်လိုက်ရင်
သိပ်ကိုကောင်းတွေ ပိုစ့်တွေ ထွက်လာမှာပါ
အကူအညီလိုရင်ပြောနော်

Red's Rose Dream said...

အဲ အပိုင်းတွေဆက်ပေးရမလား။
နောက်တာ။
ကျွန်မလည်း အဲ့ဒီလိုဖြစ်နေလို့။ :D
အပိုင်းတွေကို တရုတ်ကား၊ ကိုရီးယားကားတွေလို
ပိုင်းခွဲပြီး ပြီးသလောက်ပြ အဲ တင်လိုက်ပါလားဗျ။

Anonymous said...

ရေးပါ ရေးပေးပါ မိုးစက်ရေ..။ ဒါနဲ့ .. မိုးစက် အကူအညီလိုတယ်ဆိုလို့ အမဘာလုပ်ပေးရမလဲ မသိဘူး။. မေးပို့ထားလိုက်လေ။ မှတ်မိတယ်ဟုတ်… 
လေးစားလျှက်
မွန်းသက်ပန် (ဆေး-၁)