Jul 9, 2014

ကျွန်တော်စာတွေပြန်ရေးတော့မယ်

အားလုံးမင်္ဂလာပါ

ဆက်ဖတ်ရန်...

Jun 17, 2013

I'm comming

စာတွေပြန်ရေးတော့မယ်။

ဆက်ဖတ်ရန်...

Oct 24, 2008

အချစ်နှင့်အတူ အိမ်ထောင်ပြုကြည့်ခြင်း

ကျွန်တော် မောင်မိုးစက် အိမ်ဆိုတဲ့ထောင်ကြီးထဲကို ကျေကျေနပ်နပ်ကြည့် ၀င်ရောက်ခဲ့ပါပြီ။ မင်္ဂလာမဆောင်ခင်တုန်းကလည်း ပင်ပန်းရ၊ ဆောင်ပြီးတော့လည်း ပင်ပန်းရနဲ့၊ အလုပ်တွေကို တော်တော်လေးရှုပ်နေပါတယ်။ တစ်သက်နဲ့တစ်ကိုယ် ဒီလောက်ထိသွားဖြဲမပြခဲ့ဘူး ဘူး။ တွေ့တဲ့လူတိုင်းကို “ဟုတ်ကဲ့ခင်ဗျ၊ နေကောင်းတယ်နော်၊ တွေ့ရတာ ၀မ်းသာ ပါတယ်ခင်ဗျာ၊ ကျွန်တော့်ကိုလည်း သူ့လိုဘဲ ခင်မင်နိုင်ပါတယ်ခင်ဗျာ” စသဖြင့်ပေါ့လေ စကားတွေကို စုံနေတာပါဘဲ။ ကဲ .... အစ အဆုံးပြောမနေတော့ဘူး အားလုံးကို ကျော်လိုက် တော့မယ်။ အချိန်တွေကုန်လာတော့ မိုးကချုပ်လာတယ်။ မိုးချုပ်လာတော့ ဘာဖြစ်လဲ ... ဘာဖြစ်လဲ ... သတ်ရင်သတ်လိုက် ပြောမပြပါဘူး။ ညရောက်လာတော့ ညစာ စားပွဲလုပ်တယ် လေ။ Oriental House ရဲ့ညအလှဟာ အရမ်းကိုလှနေပါတယ်။ ကျွန်တော့်ရဲ့ သတိုးသမီးလေးလည်း Dinner Dress လေးနဲ့ အရမ်းကိုလှနေတယ်။

ဆက်ဖတ်ရန်...

Sep 2, 2008

အားလုံး ... အားလုံး ... မင်္ဂလာပါ ...

ကျွန်တော် မြန်မာပြည်ကို စရောက်ကတည်းက အားလုံးကို ကျော်ခွပြီး Blog ကိုဝင်တယ်. ဘယ်လိုမှ ၀င်ကြည့်လို့ မရဘူးဗျာ. တိုက်တိုက်ဆိုင်ဆိုင် ဒီနေ့မှဘဲ ရတော့တယ်။ ရတဲ့ အချိန်ကလေးမှာဘဲ ဘလောဒ့်ဂါတွေဆီကို ရောက် အောင် လည်လည် သွားလိုက်တယ်။ ကျွန်တော် မောင်မိုးစက် ဘလောဒ့် ပြန်ရေးနေပါပြီ ... မိတ်ဟောင်းမိတ်သစ် များ အမြန်ဆုံး ဆက်သွယ်ကြပါလို့ ...



မိုးစက်

ဆက်ဖတ်ရန်...

Feb 8, 2008

အားလုံးနဲ့ ဆုံဆည်းမယ် ....

အားလုံးဘဲ မင်္ဂလာပါခင်ဗျာ။ ကျွန်တော် မောင်မိုးစက်ဟာဆိုရင်ဖြင့် မနက်ဖြန်ဆိုရင် ကိုယ့်မြေ၊ ကိုယ့်ရေ ပေါ်မှာ ခြေချခွင့်ရပါတော့မယ် ခင်ဗျာ။ ကျွန်တော် တွေ့ချင် မြင်ချင်တဲ့ ဘလေဒ့်ဂါ ညီအစ်ကို မောင်နှမတွေကို တစ်ဦးတစ်ယောက်ခြင်းဆီ လိုက်ပြီး မိတ်ဆက် တွေ့ဆုံပါမယ် ခင်ဗျာ။
ပျော်ရွှင်ခြင်းတွေ၊ ကံကောင်းခြင်းတွေ ကျွန်တော့်ရဲ့ ညီအစ်ကို မောင်နှမအားလုံး ရရှိခံစားနိုင်ကြပါစေ
မိုးစက်
8 . 2 . 2008 ( 9:06 AM)

ဆက်ဖတ်ရန်...

Jan 1, 2008

Last Post Of 2007

This Last Post Is 2007 Years.....

Look at the sky
Tell me what do you see
Just close your eyesAnd describe it to me
The heavens are sparklingWith starlight tonight
That's what I seeThrough your eyes
I see the heavens
Each time that you smile
I hear your heartbeatJust go on for miles
And suddenly I knowMy life is worth while
That's what I seeThrough your eyes
Here in the night
I see the sun
Here in the dark
Our two hearts are one
It's out of our hands
We can't stop what we have begun
And love just took me by surprise
Looking through your eyes
I look at myself
And instead I see us
Whoever I am now
It feels like enough
And I see a girl
Who is learning to trust
That's who I see through your eyes
And there are some things we don't know
Sometimes a heart just needs to go
And there is so much I'll remember
Underneath the open sky with you forever


ဒီနေရာကနေ သီချင်းလေးကို နားဆင်နိုင်ပါတယ် ခင်ဗျာ.... အားလုံး Happy New Year ပါခင်ဗျာ...

ဆက်ဖတ်ရန်...

Dec 26, 2007

ကို Zero ကို ဘာသာပြန်ကြည့်ခြင်း ....

ကျွန်တော်နဲ့သူ ဆုံဖြစ်တဲ့နေရာလေးကတော့ နည်းနည်းထူးဆန်းနေပါတယ်။ ကျွန်တော်ကလည်း ရပ်မြေခြား ကနေ ပြန်ရောက်ကာစ၊ သူကလည်း လမ်းကြောင်းတစ်ခုပေါ်မှာ ရပ်တည်နိုင်အောင် ရှိသမျှ ခွန်းအားတွေနဲ့ ကြိုးစားနေတဲ့အချိန် ကျွန်တော်တို့ တွေ့ဖြစ်ကြတာပါ။ တွေ့တော့ ဘာလုပ်ဖြစ်လဲ စကားတွေ ပြောဖြစ်ကြတယ်။ တွေ့ဆုံတဲ့နေရာလေးကတော့ Restaurant တစ်ခုမှာပါ။
ကျွန်တော်။ ။ ကို Zero ကြိုက်တာမှာဗျာ။ ကြိုပြောထားမယ်။ ကျွန်တော် တိုက်မှာနော်။
ကို Zero။ ။ ဟာ မဟုတ်တာဘဲ မိုးစက်ရာ။ အစ်ကိုက အိမ်ရှင်ဘဲ၊ အစ်ကိုတိုက်မှာပေါ့။ ခဏနေအကြာမှာတော့ မမြင်ရတာကြာတဲ့ မြန်မာယမကာ ရောက်လာတယ်။ ကျွန်တော်တို့ ခွက်ကို မြှောက် လိုက်ပြီး ချီးယားလုပ်တော့ “ဘာဘဲလုပ်လုပ် အောင်မြင်ပါစေဗျာ” လို့ ကျွန်တော်စပြီး ပြောဖြစ် တယ်။ ကို Zero က ကျွန်တော်ပြောတဲ့ စကားကိုထောက်ခံတဲ့အနေနဲ့ ပြုံးလို့။ တစ်ကြိုက်လောက်မော့ ပြီးချိန်မှာတော့ကျွန်တော် တို့ တစ်ယောက်ကို တစ်ယောက်ထပ်ပြီး မိတ်ဆက်ဖြစ်တယ်။
ကျွန်တော်။ ။ ကျွန်တော် အစ်ကို့ကို သတိထားမိတာ၊ အစ်ကို့ဘလောဒ့်ကို ပထမဆုံးရောက်တဲ့ အချိန်က ဘလောဒ့်ဂါ တစ်ယောက်ဘဲဗျ …ကျွန်တော်မမှတ်မိတော့ဘူး။ သူက ကျွန်တော် စီပုံးမှာ သွားရောက်ဖတ်ရှု့ဖို့ တိုက်တွန်းပါတယ်ဆိုပြီး link ထားခဲ့တယ်။ ကျွန်တော်လည်း အဲဒီ link ကိုသွား ကြည့်တော့မှ အစ်ကို ဘလောဒ့် ဖြစ်နေတာ။ Blogger များလက်ဆင့်ကမ်းပေးကြပါ ဆိုတဲ့ post လေး ကိုဖတ်မိပြီး၊ အဲဒီမှာ comment ရေး၊ ပြီးတာနဲ့ ကျွန်တော့်ဘလောဒ့်မှာ “တိုက်တွန်းလိုပါတယ်” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဘေးမှာ link ချိတ်ထားလိုက်တယ်။ အဲဒီနောက်ပိုင်း အစ်ကိုနဲ့ ကျွန်တော် စတင်ပြီး ရင်နှီး သွားတယ်လို့ ထင်တယ်။
ကို Zero။ ။ ဟုတ်တယ် မိုးစက်…ကိုယ်လည်း မင်းရဲ့ comment ကိုတွေ့၊ မင်းဘလောဒ့်ကိုလာ ကြည့်၊ ပြီးတော့ ကိုယ့်ရဲ့ Idea လေးကို မင်းကခေါင်းစဉ်လေးတပ်ပြီး link ချိတ်ထားတော့ ပိုပြီးတော့ ၀မ်းသာသွား တာပေါ့ကွာ။ ဟုတ်တယ် ကိုယ်လည်း မင်းကို အဲဒီအချိန်ကစပြီး သတိထားမိသလို၊ စိတ် ထဲလည်း မှတ်မှတ်ရရ ရှိခဲ့တယ်။ ကျွန်တော်။ ။ ဟုတ်တယ်အစ်ကို၊ အဲဒီ post လေးကိုဖတ်ပြီးတော့မှ ကျွန်တော်ဖိုးဝကို သိခဲ့ရတာ။ ဖိုးဝ ကတော်တော်ကို ကဏ္ဍစုံလင်စွာပါတဲ့ Web Portal တစ်ခုပါ။ ကျွန်တော်တော့ သဘောကျတယ်။ ဒါပေမယ့် ….. ( ကျွန်တော် ယမကာ တစ်ကြိုက်လောက် ထပ်သောက်လိုက်တယ် )
ကို Zero။ ။ ဒါပေမယ့် ဘာဖြစ်လဲ ဆက်ပြောလေကွာ … ကျွန်တော်။ ။ တစ်ခုခု ဆွဲဆောင်မှုလိုနေသလားလို့၊ ကဏ္ဍစုံလင်တယ်ဆိုတာ မှန်တယ် အစ်ကိုရာ၊ ဒါပေမယ့် ဆွဲဆောင်မှုလိုနေတယ် အစ်ကိုရ။
ကို Zero။ ။ အင်း ဆွဲဆောင်မှုလိုနေတယ်လို့ဘဲ ထားကွာ။ ဘယ်လို လိုအပ်တယ်ဆိုတာ မင်း အမြင်လေး ပြောကြည့် …
ကျွန်တော်။ ။ ဖိုးဝမှာ Music, International News စသဖြင့် ရှိတဲ့ ကဏ္ဍတွေမှာပြင်ဆင်ထားတဲ့ ပုံစံတွေ အားလုံးကောင်းတယ်အစ်ကို။ Webtemplate တွေအရမ်းလှတယ်။ Home Page တစ်ခုဘဲ ဖွင့်လိုက်တာနဲ့ ဆွဲဆောင်မှုအပြည့်လေးရှိစေချင်တာပေါ့။ အစ်ကိုက Button တွေအထဲမှာတော့ Flash Annimation တွေသုံး ထားတာ တော်တော်လှတယ်။ ဥပမာ- model ကဏ္ဍမှာပေါ့။ သုံးထားတဲ့ Flash Annimation Design လေး တော်တော်လှတယ်။ Home Page မှာဆိုရင်အစ်ကိုက Flash ကိုသုံးမ ထားဘူးနော်။ ကျွန်တော့်စိတ်အထင် ပြောရင် Home Page မှာလည်း Flash Annimation တွေကို ကဏ္ဍအလိုက်ထည့်ပြီး ဆွဲဆောင်လိုက်မယ် ဆိုရင် ပိုပြီးကောင်းသွားမလားလို့ ထင်မိတယ်အစ်ကို။
ကို Zero။ ။ အင်း…ကိုယ့်ညီပြောတာလည်း အစ်ကို လက်ခံပါတယ်။ အစ်ကို့ရဲ့ ဖိုးဝ ကို ဒီထက်ပိုပြီး လူသိ များအောင်၊ တွင်ကျယ်အောင်လို့ အစ်ကိုက Chat room, Forum စသဖြင့် ထပ်မလားလို့ တောင် စဉ်းစားမိ သေးတယ်။ ဒါပေမယ့် အစ်ကိုက ဖိုးဝ ကို Web Portal အစစ်ဖြစ်အောင်လုပ်ချင်တာ ကြောင့် အဲဒါတွေကို မထည့်တာ။ အခု လက်ရှိ ရှိနေတဲ့ ဖိုးဝ ကိုလည်း အစ်ကိုဒီလောက်နဲ့ မကျေနပ် သေးဘူး။ ထပ်ထည့်၊ ထပ်လုပ် ဖို့ရှိပါသေးတယ်။ အခုလုပ်ထားတာ Beta Version လောက်ဘဲလုပ် ထားတုန်းဘဲရှိတယ်။ ဒီထက်ပိုပြီး ကဏ္ဍစုံ အောင် ထပ်ထည့်မှာပါ။ ကဏ္ဍအလိုက် သတင်း၊ ဓာတ်ပုံအား လုံးကို update ဖြစ်အောင်လည်း အမြဲကြိုးစား နေတာပါ။ အခက်အခဲတွေတော့ တော်တော်ရင်ဆိုင်ရ တယ်။ ဒါပေမယ့် အစ်ကို့ကတော့ အားလုံးကို ပျော်ပျော် ဘဲ ရင်ဆိုင်လိုက်တာပါဘဲ။
ကျွန်တော်။ ။ ဟဲ … ဟဲ ဒါပေါ့အစ်ကိုရာ၊ အခက်အခဲတွေကတော့ ရင်ဆိုင်ရမှာပေါ့။ ဘယ်လိုဘဲ ဖြစ်ဖြစ် အမြဲအားပေးနေမှာပါ။
ကို Zero။ ။ No… No… ညီလေး … အစ်ကိုက အားပေးတာတွေ လိုချင်တာမဟုတ်ဘူး။ စိတ်အား လည်း မငယ်တတ်ပါဘူး။ ကိုယ်တစ်ကယ်လိုနေတာက ထောက်ခံမှု ကွ။ အစ်ကိုလုပ်နေတာ၊ လုပ်ချင် တာကို ထောက်ခံတဲ့ သူလိုနေတာ။ လိုအပ်ရင် အကြံဥာဏ်တောင်းခံမယ်ကွာ။ ဒီလောက်ဘဲ … ဆုံးဖြတ်ချက် ချပြီးရင် တော့ ဘယ်တော့မှ မပြင်တတ်ဘူး ကိုယ့်လူရေ ….. ညီလေးပြောတဲ့ Home Page အတွက် အစ်ကို့လူတွေနဲ့ တိုင်ပင်ပြီး ထပ်လုပ်လိုက်ဦးမယ်ကွာ။
ကျွန်တော်။ ။ ကျွန်တော်က ကျွန်တော့်အမြင်ပြောတာနော်အစ်ကို၊
ကို Zero။ ။ အင်းပါကွာ…..ပေါက်ပါတယ် ….
ကျွန်တော်။ ။ ကဲ …ပေါက်ရင်လည်း လက်ကျန်လေး ရှင်းလိုက်ရအောင်ဗျာ…ကျွန်တော်တို့ နှစ်ယောက်ထပ် သောက်ဖြစ်ကြတယ်။ ကို Zero ကဆက်ပြီး သူရဲ့ ခံယူချက်တွေ၊ လုပ်ချင်တာတွေကို ဆက်ပြောပြတယ်။ ကို Zero။ ။ မိုးစက်ရ …အစ်ကိုက စီးပွားရေးနဲ့ပါတ်သက်ရင် ငွေကို အဓိက သိပ်မထားဘူး။ လုပ်ငန်း လုပ်တဲ့ နေရာမှာ အစ်ကိုက အတွေ့အကြုံသစ်၊ အတွေးသစ်၊ အမြင်သစ်တွေလိုချင်တယ်။ ရလာတဲ့ အတွေး အမြင်သစ်တွေနဲ့ လမ်းတစ်ခုကို ထွင်ပြီး လျှောက်ချင်တာ…
ကျွန်တော်။ ။ အဲဒီခံယူချက်ကိုတော့ အစ်ကိုနဲ့ လူချင်းမတွေ့ခင်ကတည်းက သိခဲ့တာပါ။ “ ထွင်ရင် ထွင် မထွင်ရင်သေ” ဆိုတဲ့ ခံယူချက်လေ။ အဲဒီခံယူချက်ကိုတော့ တကယ်သဘောကျတယ်ဗျာ။ အဲဒီ post မှာ comment ရေးတော့ “ကိုယ်တိုင်ဖောက်တဲ့လမ်းက ကြမ်းမယ်။ ဒါပေမယ့် ခိုင်ခံ့မှုတော့ အပြည့်ရှိပါတယ်” လို့ ရေးခဲ့တာပေါ့။ တစ်ခုတော့ ရှိတယ်ဗျ။ အဲဒါဘာလဲဆိုတော့ အခု အစ်ကိုလုပ်တဲ့ လုပ်ငန်းက မြန်မာပြည် အနေအထားနဲ့ဆိုရင် သိပ်ပြီးတော့ မတွင်ကျယ်သေးဘူး။ ကိုယ်က စလုပ်တဲ့ အနေအထား မျိုးဖြစ်နေတယ် ပေါ့လေ။ ၀ါသနာ၊ ဖြစ်ချင်တဲ့ ဆန္ဒတွေနဲ့ရပ်တည်ထားတဲ့ စီပွားရေး လုပ်ငန်းဆိုတော့ အမြတ်အစွန်းဆိုတာ သိသာထင်ရှားလာမှာတော့ မဟုတ်ဘူး။ အမြဲတမ်း အိတ်စိုက် နေရမယ်။ မစိုက်ရရင်တော့ ကွတ်တိလောက် ဘဲရှိမယ်။ ကျွန်တော်စိတ်အလိုရ ဥပမာ တစ်ခုပေးရရင် အစ်ကိုအနေနဲ့ ရာဇာနေ၀င်းကို အတုယူသင့်တယ်ဗျ။ ကို Zero။ ။ ဘာဖြစ်လို့လဲ မိုးစက်ရ…
ကျွန်တော်။ ။ ရာဇာနေ၀င်းရဲ့ Style က သူများတွေနဲ့ မတူဘူးလေ။ သူအနုပညာလောကထဲကို စပြီးဝင်လာ တာ ကျွန်တော်တို့ ငယ်ငယ်လေးကတည်းကဘဲလေ။ လုံးဝ မပေါက်ဘူး။ သူ့ပုံစံက ဘယ် မင်းသားနဲ့မှ မတူဘူးလေ။ Style က သူများတွေထက် ချွန်ထွက်နေတော့ ရူးတူးတူး၊ ပေါတောတော ဖြစ်နေတော့ ဘယ်သူမှ သိပ်လက်မခံချင်ကြဘူး။ သူတစိုက်မတ်မတ်နဲ့ ပရိတ်သတ်တွေ လက်ခံလာ အောင် ကြိုးစားလာခဲ့တာ ၂၀၀၃၊ ၂၀၀၄ လောက်အရောက်မှာ သူအောင်မြင်လာတာဘဲလေ။ သူ့ရဲ့ Style ကို ပြောင်းလဲလာတဲ့ ခေတ်ကရော၊ လူငယ်တွေကရော သဘောကျ လက်ခံလာတော့ အရမ်းကို အောင်မြင်လာတာ ရာဇာကလုံးတွေတောင်ပေါ် လာတဲ့ ကြည့်ပါလား။ အစ်ကိုရဲ့ Web Portal က လည်း အခုမှ အစဘဲရှိသေးတာလေ။ ရာဇာနေ၀င်း အစလို ပေါ့ဗျာ။ လူတွေက ဝေးနေတော့ သိပ်ပြီး မအောင်မြင်ချင်သေးဘူးပေါ့။ နောက်ပိုင်းကျရင်တော့ ကျယ်ပြန့်လာ ပြီး၊ ဖိုးဝ ဆိုတာ Online က လူတွေရဲ့ ပါးစပ်ဖျားမှာ ရေပန်းစားနေတဲ့ အထိ မဖြစ်လာနိုင်ဘူးလို့ မပြောနိုင်ဘူး လေ။ အဲဒါကြောင့် ရာဇာကို အတုယူသင့်တယ်လို့ ပြောတာပါ။
ကို Zero။ ။ ဟား ဟား …..မိုးစက်တို့ကတော့ လုပ်ပြီကွာ …
စကားပြောလိုက် သောက်လိုက်၊ သောက်လိုက် စကားပြောလိုက်နဲ့ တစ်ဂျား ကုန်သွားပါလေရော… ကို Zero က စာပွဲထိုးညီလေး တစ်ယောက်ကိုခေါ်လိုက်ပြီး “ ညီလေး နောက် တစ်ဂျား ထပ်ပေးကွာ… မြန်မြန်စားလို့ရ မယ့် အမြည်း ၂ ခုလောက်ပါ ယူခဲ့ဦး”
ကျွန်တော်။ ။ အစ်ကို … ကျွန်တော့် ဆန္ဒအရဆိုရင် နောက်ထပ် ကဏ္ဍလေးတစ်ခု ဖိုးဝမှာ ထပ် ထည့်ချင်တယ်ဗျာ။
ကို Zero။ ။ ဘယ်လိုကဏ္ဍမျိုးလည်းကွ၊ ပြောပါဦး။ ကျွန်တော်။ ။ စီးပွားရေး ကဏ္ဍလေးပေါ့အစ်ကိုရာ။ လိုင်းသီးသန့်လေးပေါ့။ အင်တာဗျူးတွေ ပါမယ်။ အောင်မြင်နေတဲ့ စီးပွားရေး လုပ်ငန်းရှင်တွေရဲ့ အကြောင်းတစေ့တစ်စောင်းရေးမယ်။ ပြီးတော့ မြန်မာ ပြည်မှာ လူငယ်တွေစိတ်ဝင်တစား လုပ်ကိုင်လာကြတဲ့ စီးပွားရေးတွေအကြောင်း ကိုယ့် Idea လေးနဲ့ ကိုရေးပြီး ဖော်ပြမယ်။ အာ…နေဦး … အရေးကြီးတာ တစ်ခုကျန်သေးတယ်။ အဲဒါဘာလဲဆိုတော့ ငွေကြေးလဲလှယ်မှုနှုန်း ပေါ့။ ဒေါ်လာ ငွေကြေးဈေးနှုန်း၊ မြန်မာငွေကြေးဈေးနှုန်းနဲ့ ရွှေဈေး အတက် အကျပေါ့ဗျာ။ အဲဒီကဏ္ဍထဲမှာ ထည့်ရင်ပိုကောင်းတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ နိုင်ငံရပ်ခြား ရောက်နေတဲ့ သူတွေက ဒေါ်လာကနေ မြန်မာငွေကြေးလဲလှယ်မှုနှုန်းသိချင်ရင် ဘယ်ကိုသွားကြည့် အဲဒီမှာ ဘယ်လောက်ရေးထားတယ်။ အဲဒါအမှန်ဘဲ စသဖြင့် ပြောဆိုပြီး ၀က်ဆိုက်ဒ်ကို လမ်းညွှန်တာ တွေရှိတယ်။ အရင်တုန်းကတော့ ဧရာဝတီ မှာသွားကြည့် တယ်။ နောက်ပိုင်းတော့ myanmarcupid မှာ သွားကြည့်ကြတယ်။ အစ်ကိုက update ဖြစ်နေတဲ့ ငွေကြေး ဈေးနှုန်းတွေကိုသာ နေ့စဉ်တင်ပေး ထားမယ်ဆိုရင် အဲဒီကဏ္ဍလေးထည့်လိုက်တဲ့အတွက် ပိုပြီး လူသိများ အောင်မြင်လာမယ်လို့ ကျွန်တော်ထင်တယ်။
ကို Zero။ ။ အင်း … ဟုတ်တယ်ကွ။ ညီလေးပြောတဲ့ ကဏ္ဍကို အစ်ကိုလည်း ထည့်မယ်လို့ စဉ်းစား ထားပြီးသားပါ။ ဒါပေမယ့် ထုံစံအတိုင်း သူများနဲ့ မတူအောင်လေး လုပ်ချင်တဲ့ ဥာဉ်လေးက ရှိ နေတော့ အချိန်ကြာနေတာပါ။ ကောင်းတယ် မိုးစက်။ Good Idea …..
ဘလောဒ့်စရေးပြီး သိပ်မကြာခင်မှာဘဲ စတင်ခင်မင်ရင်းနှီးခဲ့တဲ့ ကို Zero ရဲ့ ရေးသမျှပို့စ်တွေကို ဖတ်ပြီး အစ်ကို့ရဲ့ စိတ်သဘောထားကို အတတ်နိုင်ဆုံးဘာသာပြန်ထားပြီး အပြင်မှာ လူချင်းတွေ့ပြီး ရင်းနှီးစွာ စကားပြောတဲ့ ပုံစံလေးရေးဖွဲ့ထားတာပါ။ ကို Zero ကလည်း သဘောကျ ကြည်ဖြူစွာ အခု ပို့စ်လေးကို တင်ခွင့်ပြုတဲ့အတွက် အရမ်းဘဲ ၀မ်းသာပီတိဖြစ်မိပါတယ်။ အခါအခွင့်သင့်လို့ ဆုံစည်းကြ ရင်ဖြင့် မြန်မာတွေရင်ထဲရောက်အောင် လောင်းထည့်ကြဆို့ဦးကွယ်ရို့ …..
မိုးစက်
26 . 12 . 2007 (11:53 AM)

ဆက်ဖတ်ရန်...