Aug 30, 2007

ပျော်ပျော်ပါးပါး Tag ရအောင်....

ကျွန်တော့်အစ်မ မမွန်း ကလာ Tag တော့လည်း ရေးရတာပေါ့။ မရေးချင်းရေးချင်နဲ့ပါ။ အဲ … မဟုတ်ပါဘူး။ ရေးချင်နေတာကြာပြီ။ ဘယ်သူမှ လာပြီး Tag မလုပ်လို့ စောင့်နေတာကြာပေါ့။
ဟိုတစ်နေ့ကတောင်စဉ်းစားမိသေး။ နောက် ဘလောဒ့်တစ်ခုထပ်လုပ်ပြီး ကိုယ့်ဘာသာကို Tag လုပ်ရင်ကောင်းမလာလို့လေ… :D

စရေးတော့မယ်ဗျာ…


၁။ Gladiator

ကျွန်တော့်ရဲ့ ဒုတိယမြောက်တင်ဖြစ်တဲ့ပို့စ်လေးပါ။ ဇာတ်ကားထဲက စစ်သူကြီး မက်စ်စီမက် ရဲ့အဖြေစကားကိုသဘောကြလို့။ ပျော်ရမှာမနေရ၊ တော်ရာမှာနေရတဲ့ လူတွေအ တွက်ကိုယ့်မိသားစု၊ ကိုယ် ချစ်ခင်ရတဲ့ ပတ်ဝန်းကျင်နဲ့ခွဲခွာနေရတဲ့ ရက်တွေကိုအတိအကျ မှတ်ထားတတ်တယ်ဆိုတာကို သိလိုက်ရလို့ပါ။ အရွယ်ရောက်တဲ့အချိန်ကစပြီး မိသားစုနဲ့ဝေး ရာကိုပဲ ရောက်နေတဲ့ကျွန်တော့်ခံစားချက်တွေကို ရေးထားလို့ ။ ကိုရန်အောင်ကတောင် Comment ပေးသွားသေးတယ်…

၂။ ကျွန်တော် ဆေးလိပ်ရဲ့ကျေးကျွန်

ကျန်းမာရေးအသိပေး ပို့စ်လေးပေါ့။ သူငယ်ချင်းတစ်ယောက်က ဆေးလိပ်ကိုသောက် လိုက်၊ ဖြတ်လိုက်နဲ့ဖြစ်နေတယ်။ ဆေးလိပ်ဖြတ်လိုက်တော့လည်း ငူငူငိုင်ငိုင်နဲ့ မနေတတ်သလို ဖြစ်နေတယ်လို့ လာပြီးရင်ဖွင့်တာနဲ့ရေးဖြစ်တာပါ။ ကျွန်တော်လည်းဆေးလိပ်ကို သောက် လိုက်၊ ဖြတ်လိုက်နဲ့ဖြစ်ခဲ့ဘူးပါတယ်။ ၂ ရက်တစ်ခါလောက်အမှိုက်ပုံးထဲကိုသွားပစ်ရတဲ့ ဆေး လိပ်တိုတွေကိုကြည့်ရင်း ကိုယ့်ကိုယ်ကို ကျန်းမာရေးအမြင်လေးတစ်ခုဝင်လာလို့ ယတိပြတ်ကို ဖြတ်ပစ်လိုက်ပါတယ်။ ( ချစ်သူက မောင် ဆေးလိပ်တွေသောက်နေရင် ချစ်တော့ဘူးနော်လို့ ဆိုလို့ )။ ကျွန်တော့်လိုဘဲ ညီအစ်ကိုတွေ ဆေးလိပ်ပြတ်စေချင်လို့။

၃။ အာဇာနည်နေ့နှင့်ကျောင်းသားဘ၀အမှတ်တရ

တကယ့်ကိုအမှတ်တရပါ။ ကျွန်တော်အချစ်ဆုံး ဆရာမကိုသတိတရနဲ့ရေးထားတဲ့ပို့စ် လေး … ကျွန်တော်ကျောင်းသားဘ၀တစ်လျှောက်လုံး ဆုပေးပွဲကိုတက်ရောက်ဘူးတဲ့ အမှတ် တရလေးပါ။

၎။ မိုးပုံပြင်

ကျွန်တော့်ကျောင်းသားဘ၀ရဲ့ တကယ့်အဖြစ်အပျက်လေးကိုအခြေခံပြီး၊ စိတ်ကူးနဲ့ပုံ ဖော်ထားတဲ့ ပို့စ်လေးပါ။ အဲဒီပို့စ်လေးရေးတုန်းကဆိုရင်လေ… ကျောင်းသားဘ၀ကိုပြန်ရောက် သွားသလိုကိုခံစားရတာပါ။ ပုံရိပ်တွေဆိုရင် မနေ့တနေ့ကလိုပဲအားလုံးကိုမြင်ယောင်နေမိတာ။ ကြိုက်တယ်။ အရမ်း … အရမ်းကိုကြိုက်တယ်။ အဲဒီအထဲမှာရေးထားတဲ့ ကဗျာလေးဆို တကယ်ကျောင်းသားဘ၀တုန်းကရေးထားပြီး၊ လွယ်အိတ်ထဲကိုတကယ်ထည့်ခဲ့တာ… ဟဲ…ဟဲ

၅။ ယမကာလုလင်တစ်ယောက်အကြောင်း

ဟဲ…ဟဲ အကြိုက်ဆုံးပဲ။ ငြင်းပယ်ရခက်တဲ့ လူမှုနယ်ပယ်ထဲကရုန်းမထွက်နိုင်တဲ့ လူငယ်လေး တစ်ယောက်အကြောင်းရေးထားတာပါ။ တော်တော်များများက ကျွန်တော့်ကို ယမကာလုလင်လို့ထင်နေကြလို့ တော်တော်လေးပြောယူရတယ်။ မဟုတ်ဘူးလားလို့မေးတော့ လည်း မငြင်းလိုက်ပါဘူး …

နောက်ထပ် ကျွန်တော် Tag ချင်တဲ့သူတွေကတော့ ...

၁။ ချစ်တဲ့အနုပညာနဲ့ လောကကြီးအတွက် သဲတစ်ပွင့်ဖြစ်ချင်သူ ကိုစိုးသီဟ

၂။ သူ့ကိုလာမ Tag လို့စိတ်ကောက်နေတဲ့ ရွက်ဝါ

၃။ ကဗျာတွေအရေးကောင်းတဲ့ ညီလေး မောင်နိုင်

ကျွန်တော့်ကိုတကယ်ခင်မင်တယ်ဆိုရင်တော့ အား...အား...မအား အား ရေးပါကြပါလို့ ...

အမြဲရွှင်လန်းတက်ကြွစွာရှိနေပါစေလို့ ဆန္ဒပြုလျှက်….

မိုးစက်

30 . 8 . 2007 ( AM 1:58)



2 comments:

ရွက်ဝါ said...

ကိုမိုးစက်တို့ကတော့ ပဟေဠိတွေ လုပ်ပြီ။ comment လာပြီး "ကောင်းတယ်ရွက်ဝါ။ အတွေးအမြင်နဲ့တင်ပြတာလေးတွေကို အရမ်းသဘောကြတယ်။" အဲလိုရေးသွားတယ်။ cbox မှာကြတော့ "tag ထားတယ်" နောက်တော့ "sorry" တဲ့။
sorry ကဘာပြောချင်တာလဲမသိ။ အတွေးအမြင်တွေကို မလေးစားဘူးလို့ ပြောချင်တာလား။ ဒါမှမဟုတ် မ tag ဘူးပြောချင်တာလား။ ကိုယ့်ဟာကို tag လုပ်ပြီး ရေးလိုက်မှာနော်။ ပို့စ်ကို လာဖတ်တော့လည်း ဘယ်သူ့ကို မှ tag ထားတာမတွေ့ရဘူး။
အကြိုက်ဆုံး ၅ ခုတော့ ပြထားတယ်။ လင့်ခ်တွေလည်း ထဲ့မထားဘူး။ စာဖတ်သူတွေ အဆင်ပြေအောင် လင့်လေးတွေတော့ ထဲ့ပေးစေချင်တယ်။ tag တာ မ tag တာ လေးစားတာ မလေးစားတာ ထားတော့ ဘာပဲဖြစ်ဖြစ် လာဖတ်သွားတာ ကျေးဇူးပါ။

မျှားပြာ said...

လင့်လေးတွေ ထည့်ပေးပါလား အကိုကြီး ..
အနော်ကိုလည်း ပြောသွားလို့ လာပြန်ပြောတာ
ဟီးဟီး ...