ကျွန်တော် မောင်မိုးစက် အိမ်ဆိုတဲ့ထောင်ကြီးထဲကို ကျေကျေနပ်နပ်ကြည့် ၀င်ရောက်ခဲ့ပါပြီ။ မင်္ဂလာမဆောင်ခင်တုန်းကလည်း ပင်ပန်းရ၊ ဆောင်ပြီးတော့လည်း ပင်ပန်းရနဲ့၊ အလုပ်တွေကို တော်တော်လေးရှုပ်နေပါတယ်။ တစ်သက်နဲ့တစ်ကိုယ် ဒီလောက်ထိသွားဖြဲမပြခဲ့ဘူး ဘူး။ တွေ့တဲ့လူတိုင်းကို “ဟုတ်ကဲ့ခင်ဗျ၊ နေကောင်းတယ်နော်၊ တွေ့ရတာ ၀မ်းသာ ပါတယ်ခင်ဗျာ၊ ကျွန်တော့်ကိုလည်း သူ့လိုဘဲ ခင်မင်နိုင်ပါတယ်ခင်ဗျာ” စသဖြင့်ပေါ့လေ စကားတွေကို စုံနေတာပါဘဲ။ ကဲ .... အစ အဆုံးပြောမနေတော့ဘူး အားလုံးကို ကျော်လိုက် တော့မယ်။ အချိန်တွေကုန်လာတော့ မိုးကချုပ်လာတယ်။ မိုးချုပ်လာတော့ ဘာဖြစ်လဲ ... ဘာဖြစ်လဲ ... သတ်ရင်သတ်လိုက် ပြောမပြပါဘူး။ ညရောက်လာတော့ ညစာ စားပွဲလုပ်တယ် လေ။ Oriental House ရဲ့ညအလှဟာ အရမ်းကိုလှနေပါတယ်။ ကျွန်တော့်ရဲ့ သတိုးသမီးလေးလည်း Dinner Dress လေးနဲ့ အရမ်းကိုလှနေတယ်။
e premte, 24 tetor 2008
Subscribe to:
Posts (Atom)