Sep 14, 2007

မေတ္တာတရားကို ဖော်ကျူးသည်ဆိုရာဝယ်...

ကျွန်တော် မင်္ဂလာသတင်းတစ်ပုဒ်ကြားလိုက်ရတယ်။ ကျွန်တော် သူငယ်ချင်းရဲ့ အမျိုးသမီး သားဦးရတနာ မွေးဖွားတယ်ဆိုတဲ့ သတင်းပါ ။ အဲဒီသတင်းကို ကြားကြားချင်း ကျွန်တော့် သူငယ်ချင်းဆီ ဖုန်း ဆက်ဖြစ်တယ်။

ဟဲလို… နိုင်လင်းအောင် လား၊
အေး …ဟုတ်တယ်
ငါ ပါ… မိုးစက်ပါ…
အေး သူငယ်ချင်း … အဲဒီမှာ အေးဆေးပဲလား …
အေးဆေးပါပဲ …မင်း သားဦးရတနာလေး မွေးတယ်ဆိုတာ သိရလို့ ဂုဏ်ယူပါတယ
ဟ… ငါ့မွေးတာ မဟုတ်ပါဘူး၊ ငါ့မိန်းမ မွေးတာပါ…
အေးပါ…ငါ သိပါတယ်...မင်းအမျိုးသမီး မွေးလို့ ဂုဏ်ယူပါတယ်လို့ပြောတာပေါ့ဟ…

အေးကွာ…မင်း ဂုဏ်ယူပါတယ်လို့အပြောခံရဖို့အတွက် ငါ့အမျိုးသမီး ကိုယ်ဝန်စရှိပါပြီ ဆို ကတည်း က ငါ့မှာ ရင်တထိတ်ထိတ်နဲ့ ဖြစ်နေရတာကွ…

ဘာဖြစ်လို့လဲ သူငယ်ချင်းရ…

ငါ့အမျိုးသမီးက ကလေးမွေးရင် ရိုးရိုးပဲမွေးချင်တာတဲ့လေ… ဒါပေမယ့် နှလုံးအားနည်းတဲ့ အခံ က သူ့မှာရှိနေတော့ ရိုးရိုးမွေးရင် စိုးရိမ်ရတယ်လို့ OG ကပြောတယ်။ ဗိုက်ခွဲမွေးတာ အသင့် တော်ဆုံးပဲတဲ့လေ။ ငါတို့ကိုကလေးတွေအများဆုံးဘယ်နှစ်ယောက်လောက် ယူမလဲလို့ မေး တော့ အများဆုံး ၃ ယောက်ပါပဲလို့ ငါပြောမိလိုက်တယ်။ အဲဒီလိုဆိုရင်တော့ လူကြီးအသက် အန္တရာယ်အတွက် ခွဲမွေးတာ အကောင်းဆုံးပါပဲလို့ ဆိုလာတယ် သူငယ်ချင်းရေ …

ငါ့အမျိုးသမီးက ကလေးမွေးရင် ရိုးရိုးပဲမွေးချင်တာတဲ့လေ… ဒါပေမယ့် နှလုံးအားနည်းတဲ့ အခံ က သူ့မှာရှိနေတော့ ရိုးရိုးမွေးရင် စိုးရိမ်ရတယ်လို့ OG ကပြောတယ်။ ဗိုက်ခွဲမွေးတာ အသင့် တော်ဆုံးပဲတဲ့လေ။ ငါတို့ကိုကလေးတွေအများဆုံးဘယ်နှစ်ယောက်လောက် ယူမလဲလို့ မေး တော့ အများဆုံး ၃ ယောက်ပါပဲလို့ ငါပြောမိလိုက်တယ်။ အဲဒီလိုဆိုရင်တော့ လူကြီးအသက် အန္တရာယ်အတွက် ခွဲမွေးတာ အကောင်းဆုံးပါပဲလို့ ဆိုလာတယ် သူငယ်ချင်းရေ …

အင်း ပေါ့….

အမျိုးသမီးက ဒေါက်တာရှေ့မှာကျတော့ ဘာမှမပြောဘူး…အိမ်လည်းပြန်ရောက်ရော ခွဲမမွေး ချင်ဘူးနော် ကို… ကျွန်မ ကတော့ ရိုးရိုးပဲမွေးမှာပဲတဲ့ …အဲဒီနောက်ပိုင်းဘယ်လိုပဲပြောပြော ဘယ်လိုပဲ နားချချ မရဘူးကွာ။ ဘာလို့ခွဲမမွေးချင်ရတာလဲ ငွေကြေးကြောင့်တော့ မဖြစ်နိုင်ဘူး ဘာလို့လဲဆိုတော့ ငါတို့ကပြေလည်နေတာပဲလေ…ဘယ်လိုမှ စဉ်းစားမရတော့တာနဲ့ သူ့ကို မေးကြည့်တော့ ကျွန်မရဲ့ သားလေး၊ သမီးလေးကို ကျွန်မအသက်နဲ့ ရင်းပြီးပေးဆပ်ကြည့်ချင် လို့ပါ ကို ရယ် တဲ့ …သူက အဲဒီလိုပြောလာတော့ ငါလည်း ဘာပြောလို့ ပြောရမှန်းမသိတော့ တာနဲ့ ရင်တထိတ်ထိတ်နဲ့ ခွင့်ပြုလိုက်ရတယ် သူငယ်ချင်းရာ။ သူမွေးခန်းထဲဝင်သွားတုန်းက လည်း ရွတ်လိုက်ရတဲ့ ဘုရားစာ၊ ဘာလုပ်လို့ ဘာကိုင်ရမှန်းကိုမသိတာ…နောက်ဆုံးအားလုံး အေးဆေးဖြစ်သွားလို့ တော်သေးတယ်ကွာ… အခုတော့ လူကြီးရော..ကလေးရော ကျန်းကျန်း မာမာပါပဲ သူငယ်ချင်း…

အေးကွာ… ၀မ်းသာပါတယ် သူငယ်ချင်း… ဂုဏ်ယူပါတယ်ကွာ …

သူငယ်ချင်းနဲ့ ဖုန်းပြောပြီးတဲ့ အချိန်မှာ ကိုယ်ဝန်ဆောင်ထားရတဲ့ အမျိုးသမီး၊ တနည်းအားဖြင့် မိခင်လောင်းတွေရဲ့ မမြင်ရသေးတဲ့ သားသမီးအတွက် အသက်နဲ့ရင်ပြီးတော့တောင် ပေးဆပ် ကြတာပါလားဆိုတဲ့ အသိကလေး ၀င်လာမိပါတယ်။ အဲဒါနဲ့ တစ်ပြိုင်နက် ကျွန်တော် စာပေ တွေကို စဖတ်ကာစ အရွယ်တုန်းက မှတ်မှတ်ရရ ရှိခဲ့တဲ့ ယနေ့ထိအောင် မမေ့နိုင်သေးတဲ့ ၀ထ္တုတိုလေး တစ်ပုဒ်ကို သွားအမှတ်ရမိပါတယ်။ ၁၉၉၆ ခုနှစ် ခံစားသူများအကြိုက် မဂ္ဂဇင်း၊ ၀ထ္တုတိုများ စာအုပ်ထဲက ၀ထ္တုတိုတစ်ပုဒ်လို့ ထင်ပါတယ်။ စာရေးသူရဲ့ အမည်နဲ့ ခေါင်းစဉ်ကို တော့ ကျွန်တော် မမှတ်မိတော့ပါဘူး။ ကျွန်တော့်သူငယ်ချင်းပြောတဲ့ စကားတွေကို ပြန်လည် ကြားယောင်ပြီး ဒီဝထ္တုတိုလေးကို မှတ်မိသလောက် ပြန်လည်ခံစားရင်း အလွတ်သဘော ရေးသားလိုက် ပါတယ် ခင်ဗျာ…

မိလူစူး ဗိုက်အရမ်းနာလာတယ်ဆိုတာ ကိုယ့်ကိုယ်သိတယ်။ ယောင်္ကျားက အမဲလိုက် သွားတာလည်း ပြန်မလာသေးဘူးလေ။ အဲဒါနဲ့ ကိုယ်ဝန်စရှိပါပြီဆိုကတည်းက ကိုယ်တိုင် ရှာ ထားတဲ့ ကျောက်ဂူဆီကိုသွားဖို့ပြင်လိုက်တယ်။ သွားဖို့ပြင်နေတုန်းမှာပဲ ခါးကလည်း တစ်ဆစ် ဆစ်ကိုက်လာသလို ဗိုက်ထဲကနေလည်း အောင့်တက်လာတယ်လေ။ အဲဒါနဲ့ပဲ ဂူဘေးနားမှာ နေတဲ့ ဖောလူမ ကိုအဖော်အဖြစ်ခေါ်လိုက်မိတယ်။ နှစ်ယောက်သား ဂူထဲကိုရောက်တဲ့ အချိန် မှာ မိလူစူး ဘယ်လိုမှ မနေနိုင်အောင်ကို ဗိုက်ကနာလာပြီလေ…

မိလူစူး ခဏလေးနော် … ငါထင်းသွားရှာလိုက်ဦးမယ် …

မရှာနဲ့ ဖောလူမ … ဂူနောက်ထဲမှာ ငါ ရှာပြီးစုထားပြီးသား …နင်ယူပြီး မီးဖိုလိုက်နော်…

အေး အေး….

ဖောလူမ က ထင်းတွေယူပြီး မီးဖိုဘို့လုပ်နေတယ်။ ဗိုက်ကနာလာတဲ့ အရှိန်ကြောင့်လူက ဘယ်လိုမှ နေလို့ မရတော့ဘူး။ နားထဲမှာတော့ ဖောလူမ ကျောက်ဆစ်ခက်တွေကို ပွတ်တိုက် ပြီး မီးမွှေးနေတဲ့ အသံတွေကို ကြားနေရတယ်…

ဒေါက်တာ ဒေါ်ရီရီ
သားဖွား၊ မီးယပ် အထူးကု

ဆေးခန်းရှေ့က ဆိုင်းဘုတ်လေးက ဂုဏ်ပုဒ်တစ်ခုကိုကိုယ်စားပြု ဖော်ပြနေတာဖြစ်သလို သားဖွား၊ မီးယပ်နှင့် ပတ်သက်လို့လည်း တကယ့်အတွေ့အကြုံတွေရှိပြီး ကျွမ်းကျင်မှု အပြည့် ရှိတဲ့ ဆရာဝန် တစ်ဦးပါ။ နာမည်ကြီးသလိုပဲ သူ့ဆေးခန်းမှာ သူ့ကို အပ်ထားတဲ့ ကိုယ်ဝန် ဆောင်မိခင်တွေကလည်း အများအပြားပါပဲ။ ဆေးခန်းရှေ့ကို ဆလွန်းကား အဖြူလေးတစ်စီး ထိုးရပ်လာတယ်။ ကားလေး ဆေးခန့်ရှေ့ကို ထိုးရပ်လိုက်တယ်ဆိုရင်ပဲ ဆေးခန်းထဲက တိုကင် ပေးနေတဲ့ သူနာပြုဆရာမ လေးကပြေးထွက်လာပြီး၊ ကားပေါ်ကနေဆင်းလာတဲ့ ကိုယ်ဝန် ဆောင် အမျိုးသမီကို ဆီးကြိုလိုက်တယ်။

မမအေး … ဒီနေ့လာပြတာ မိုးနည်းနည်းချုပ်တယ်နော် …

ဟုတ်တယ် ဆရာမရေ… ကိုမောင့် အမေအိမ်ဝင်နေလို့လေ…

သြော်…ဟုတ်လား … နေရောကောင်းတယ်နော် မမအေး… ဒီတစ်ယောက်ပြီးတာနဲ့ မမအေး တစ်ခါတည်း ၀င်လိုက်နော်…

မအေးသီတာ ခေါင်းလေးတချက်ငြိမ့်ပြလိုက်တယ်။ မအေးသီတာ အခုလိုကိုယ်ဝန်လာပြတိုင်း တိုကင် ယူနေစရာမလိုဘူးလေ။ ဒေါက်တာရီရီနဲ့ကလည်း ဟိုအရင်ကတည်းက ငယ်သူငယ် ချင်းတွေ၊ တကယ့်ညီအစ်မတွေလိုနေလာခဲ့ကြတာ၊ ဒါတွေကို သူနာပြုဆရာမလေးက သိနေ တော့ မအေးသီတာ ကားလေးဆေးခန်းရှေ့ကိုရောက်လာပြီဆိုတာနဲ့ အားလုံးက အဆင်ပြေ အောင်လုပ်ထားပြီးသားလေ… အခန်းထဲက ကိုယ်ဝန်ဆောင်အမျိုးသမီးထွက်လာတာနဲ့ မအေးသီတာ ၀င်သွားလိုက်တယ်…

အေး …ဘယ်လိုလဲ … ကိုယ်ပေးထားတဲ့ ဆေးတွေမှန်မှန်သောက်ရဲ့လား …

သောက်ပါတယ် ရီ ရယ်… ကိုမောင်ကလည်း သင်္ဘောပေါ်ပြန်မတက်သေးပဲ အေး အနားမှာ ဂရုတစိုက် ဆေးတိုက်ပေးတော့ ပုံမှန်ကို သောက်ဖြစ်ပါတယ် ရီ …..

အိုကေ အေး … ကိုယ် စမ်းသပ်ကြည့်လိုက်ဦးမယ်နော် …

အားလုံးကောင်းပါတယ် အေး … မောင်မောင် ကလည်း ကိုယ်ပေးတဲ့ ဆေးတွေကို ပုံမှန်တိုက် ပေးပေါ့ … ဟုတ်ပြီးလား …

တိုက်ပါတယ် ရီရီ …

ရပြီ အေး … ကိုယ်နောက်လူနာတွေ ဆက်ကြည့်လိုက်ဦးမယ် …

ကိုမောင်မောင် က မအေးသီတာကိုတွဲပြီး အခန်းထဲကထွက်မယ်အလုပ်မှာ ဒေါက်တာရီရီ က

မောင်မောင် ခဏလေး …ပြောစရာရှိလို့ …

ရတယ် ကိုမောင် …ရီ နဲ့ စကားပြောလိုက်လေ… အေး ကားပေါ်ကပဲ စောင့်နေမယ်နော်…

ကိုမောင် အခန်းထဲကိုပြန်ဝင်သွားချိန်မှာ မအေးသီတာ က သူနာပြုဆရာမကို လေးလေးနက် နက်တစ်ချက်ကြည့်လိုက်တယ်။ ဆရာမကလည်း မအေးသီတာရဲ့ အကြည့်ကို သိပြီးသားပဲ လေ …

မိလူးစူး ဗိုက်က အရမ်းကို နာလာပြီ။ အင်အားရှိသလောက်စုစည်းပြီး ရင်သွေးလေးကို ညှစ် ကြည့်တယ်။ မရဘူး … ဘယ်လိုမှ မရဘူး …

မိလူးစူး ဒီဘက်ကိုလှည့်လေ … မီးတောက်တွေရှိတဲ့ဘက်ကိုလှည့်လေ ...

ကိုယ်ဝန်ဆောင်တွေ မီးဖွားတော့မယ်ဆိုရင် ကျောက်ခေတ်တုန်းက မိခင်က ကိုယ်ကလေးမွေး မယ့် ကျောက်ဂူကို ကိုယ်တိုင်ကြိုပြီး ရှာထားရတယ်။ ထင်းတွေ စုဆောင်းထားရတယ်။ ကလေးမွေးဖွားတဲ့ အချိန်မှာ မီးတောက် မီးလှန်တွေကို များများမွှေးထားပေးရတယ်လေ။ ဘာလို့လဲဆိုတော့ မိခင်ဟာ မီးတောက်၊ မီးလျှံတွေကိုကြည့်ပြီး ရဲသွေးတွေ တက်ကြွစွာနဲ့ ရင်သွေးကို အားအင်အပြည့် မွေးဖွားနိုင်မယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ပေါ့။ ဖောလူမ က မိလူးစူး ရဲ့ ကိုယ်ကို မပြီး မီတောက်တွေဘက်ကို လှည့်ပေးလိုက်တယ်။ မီးတောက်တွေကြည့်ပြီး မိလူးစူး ရှိသမျှ အားအင်းတွေစုစည်းပြီး ရင်သွေးလေး အပြင်ရောက်အောင် ကြိုးစားတယ်။ မီးတွေကလည်း တစ်ဟုန်းဟုန်း တောက်လောင်နေတယ်။ အသက်ရှုသံ တွေကလည် ခပ်ပြင်း ပြင်း၊ လေကိုအားပါတရ ရှိုက်သွင်းလိုက်ပြီး အားအင်အကုန်လုံး ထပ်ပြီး ရင်သွေးဆီကို ပို့လိုက် တယ်… မရဘူး …ဘယ်လိုမှ မရဘူး ….

မိလူးစူး …နင်ဟာက ဘယ်လိုမှ မရဘူးထင်တယ်နော်… အခုထိကို ကလေးက ထွက်မလာ သေးဘူး… ငါ လူးစူးကို သွားခေါ်လိုက်မယ်နော် …

မခေါ်နဲ့ … မခေါ်ပါနဲ့ ဖောလူမ ရယ်… ငါ ရအောင် ကြိုးစားကြည့်ပါ့မယ်… လူးစူးကို မခေါ်ပါနဲ့ နော်…

မျက်လုံးထဲမှာ ရင်သွေးလေးရဲ့ ပုံရိပ်လေးကို ဖော်ကြည့်လိုက်တယ်။ အသက်ကို ပုံမှန်လေး ပြန်ရှုရင်း မီးတောက်တွေကို ကြည့်နေလိုက်တယ် … ကိုက်ခဲနာကျင်နေတဲ့ ခါးအရိုးဆစ်တွေ ရဲ့ ဒဏ်ကိုအံကြိတ်ခံရင်း ပင့်သက်အရှိုက်မှာ အသက်ကိုအောင့်လို့ ရင်သွေးလေးဆီ အားအင် တွေထပ်ပို့လိုက်တယ်… နာကျင်မှုတွေသာ အထပ်ထပ်တိုးလာတယ်။ ရင်သွေးက အပြင်ကို ရောက်မလာဘူး…..

မဖြစ်ဘူး … မဖြစ်ဘူး မိလူးစူး…နင့်ယောင်္ကျား လူးစူးကိုသွားခေါ်မှ ဖြစ်မယ်… နင် နေခဲ့တော့… ငါ လူးစူးကို သွားခေါ်မယ် …

ပြောပြောဆိုဆိုနဲ့ ဖောလူမ ထွက်သွားတယ်။ ဒုက္ခပဲ ငါ…ဘာလုပ်ရမလဲ … ဖောလူမ က လူးစူး ကိုသွားခေါ်နေပြီ။ ငါ့ရင်သွေးလေး … ဟာ…မဖြစ်ဘူး….မဖြစ်ဘူး….
ကုန်ခမ်းသွားတဲ့ အားအင်တွေကို နောက်တစ်ခါ ထပ်ပြီး စုစည်းလိုက်တယ်…

မောင်မောင် … ငါ အေး ရဲ့ နှလုံးခုန်သံကို မကြိုက်ဘူး။ အရမ်းအားနည်းနေတယ်။ ငါပေးတဲ့ ဆေးက နှလုံးကို အများဆုံးပံ့ပိုးပေးနေတယ်ဆိုတာတော့ မှန်တယ်။ ဒါပေမယ့် ကလေးမွေးဖွား လောက်အောင် ထိတော့ ဖြစ်ပါ့မလား မသိဘူး။ သူက နှလုံးသွေးကြောကပါ ကျဉ်းနေသလို ဖြစ်နေတာ ဆိုတော့ ငါ အရမ်းစိုးရိမ်တယ်။ သူရဲ့ အသက်ကို ၁၀၀% ကာကွယ်စေချင်တယ် ဆိုရင်တော့ ခွဲပြီးမွေးတာ အသင့်တော်ဆုံးနဲ့ အကောင်းဆုံးပဲလို့ ငါပြောချင်တယ်။ ခုချိန်ခါမှာ ဆေးဝါးတွေကလည်း ခေတ်မှီနေပါပြီ။ ခွဲမွေးရင်တော့ ဘာမှသိပ်ပြီး စိုးရိမ်စရာမရှိပါဘူး။ အဲဒါ ကို နင်က သူနားဝင်အောင် ပြောပြပေါ့ဟာ…

ကိုမောင်မောင် သက်ပြင်းအရှည်ကြီး ချမိတယ်။ ဒေါက်တာရီရီကိုခေါင်းလေးတစ်ချက်ငြိမ့်ပြပြီး အခန်းထဲကနေထွက်လာခဲ့တယ်။ ကားရှိတဲ့ နေရာကိုလျှောက်လာတဲ့ ခြေလှမ်းတွေလေးလံ နေသလိုပါပဲ။ သူနာပြုဆရာမနဲ့ မအေးသီတာတို့ ကားနားမှာ စကားပြောနေကြတယ်။ ကိုမောင်မောင် လည်း ကားအနားရောက်ရော ဆရာမကိုနှုတ်ဆက်ပြီး အိမ်ကိုပြန်လာခဲ့ကြ တယ်။ လမ်းတစ်လျှောက်လုံး နှစ်ဦးသား ဘာစကားမှ မပြောဖြစ်ကြဘူး။ အိမ်ကိုရောက် ရောက် ချင်း မအေးသီတာက စပြီး…

ကိုမောင် … ရီ က ကိုမောင်ကိုဘာပြောတာလဲဟင်…

သြော်…ဘာမှမဟုတ်ပါဘူး အေးရယ်… သင်္ဘောက အဆင်ပြေလား၊ အေး ကမွေးဖွားခါနီးပြီဆို တော့ အရင်ကထက် ပိုပြီး ဂရုစိုက်ဖို့ ပြောတာပါ အေးရယ်…

ဟုတ်ရဲ့လား ကိုမောင် ရယ်… ကိုမောင် မပြောရင်လည်း နေပါ… အေး သိပါတယ်…

ဘာကို သိတာလဲ အေးရဲ့ …

ရီ က အေးရဲ့ နှလုံးခုန်သံနဲ့ နှလုံးသွေးကြောကျဉ်းနေမှုတွေကို မကြိုက်လို့ မွေးဖွားမယ်ဆိုရင် ခွဲမွေးမှ စိတ်ချရမယ်လို့ ပြောတာမို့လာဟင် ကိုမောင် …

အေး ဘယ်လိုလုပ်သိတာလဲ ဟင်…

ကိုမောင်တို့ ဘာပြောတယ်ဆိုတာ သိရအောင်လို့ သူနာပြုဆရာမလေးကို နားထောင်ခိုင်း လိုက်တာလေ …

ကိုမောင်မောင် ဘာပြောလို့ ပြောရမှန်းမသိဖြစ်သွားတယ် … မအေးသီတာရဲ့ လက်တစ်ဘက် ကို နွေးထွေးစွာ ဆုပ်ကိုင်ထားလိုက်မိတယ် …

ကိုမောင်ရယ်… အေးကိုခွင့်ပြုပါနော်…အေး ခွဲပြီးမမွေးချင်ဘူး…နော် ကိုမောင်… အခုခေတ်မှာ ဆေးဝါးတွေ တိုးတက်လာတယ်ဆိုတာလည်း ကိုမောင်အသိဆုံးပါ … ကလေးတစ်ယောက် မွေးဖွားဖို့အတွက် မိခင်က ဘာမှ အားစိုက်ထုတ်စရာမလိုပဲ ဆရာဝန်တွေညွှန်ကြားတဲ့ အတိုင်း မေ့ဆေးလေးရှုလိုက်၊ ပြီးတာနဲ့ မေ့မြောသွားတယ်…ကိုယ် ရင်သွေးလေးကိုဘယ်လို ကိုယ့်ဝမ်း ထဲကနေ မွေးဖွားထုတ်ယူလိုက်တယ်ဆိုတာလဲ ကိုယ်မသိလိုက်ရဘူး၊ မေ့ဆေးတွေ ပြယ် ပျောက်သွားလို့ သတိရလာတဲ့ အခါကျမှ ကိုယ့်ရဲ့ သားလေး၊ သမီးလေးကိုမြင်တွေ့ခွင့်ရတဲ့ မိခင်မျိုးထဲမှာ အေး မပါချင်လို့ပါ ကိုမောင်ရယ် … အေး ကလေ … အေး မွေးဖွားလာတဲ့ သား လေးပဲဖြစ်ဖြစ်၊ သမီးလေးပဲဖြစ်ဖြစ် သူတို့အရွယ်ရောက်လာတဲ့ အခါမှာလေ … သူတို့ရဲ့ လက် ဖ၀ါးလေးတွေကို ကိုင်ပြီး သမီးလေးဆိုရင် … သမီးရယ်… မေမေ ကလေ သမီးကို ဘယ်လို ကိုယ်ဝန်ဆောင်လာရတာ… အစားအသောက်တွေဆိုရင်လည်း ဘယ်လို ရှောင်လာရတာ၊ နောက်ဆုံး သမီးလေးကို မွေးဖွားရတော့မယ်ဆိုတော့လဲလေ မေမေ့ရဲ့ နှလုံးရောဂါကိုတောင် မေ့ထားပြီး အသက်နဲ့ရင်းပြီး သမီးလေးကို မွေးဖွားခဲ့ရတာ သမီးရဲ့ ဆိုပြီး ပြောပြချင်လို့ပါနော်.. နော်.. ကိုမောင်… တကယ်လို့လေ… မီးဖွားပြီးတဲ့ အချိန်မှာ အေး တစ်ခုခုဖြစ်သွားခဲ့မယ်ဆိုရင် မွေးဖွားလာတဲ့ သားလေး၊ သမီလေးကို အေး မပြောလိုက်ရတဲ့ စကားတွေကို ကိုမောင်ကတစ် ဆင့် ပြောပေးပါနော်.. အေး ရဲ့ ဆန္ဒကိုခွင့်ပြုပါနော် … နော် ကိုမောင်…

ကျောက်ဂူတွေကို ရိုက်ခတ်ပြီး ပြန်ထွက်လာတဲ့ ဟိုးအဝေးကနေ အပြေးနှင်လာတဲ့ မြင်းခွာသံ သဲ့သဲ့ကို ကြားနေရတယ်… မိလူးစူး ခေါင်းနပန်းကြီးသွားတယ်… မဖြစ်ရဘူး … အဲဒီလိုမျိုး ငါ့ ရင်သွေးလေး မဖြစ်စေရဘူးဆိုတဲ့ အသိက ရင်ထဲမှာ ကြီးစိုးနေတယ်။ ကျောက်ခေတ်ရဲ့ ဓလေ့ ထုံးစံအရ နောက်ဆုံး ဘယ်လိုမှ မိခင်ဖြစ်သူက သားသမီးကို မမွေးဖွားနိုင်တော့ဘူးဆိုရင် အမျိုးသမီးရဲ့ ယောင်္ကျားကိုယ်တိုင် မိခင်ရဲ့ ဗိုက်ပေါ်ကို တက်နင်းစေပြီး မီးဖွားတဲ့ စနစ်ကို ကျင့်သုံးရတယ်လေ။ အဲဒီလို ပုံစံမျိုးနဲ့ မွေးဖွားလာတဲ့ ရင်သွေးတိုင်းက အများအားဖြင့် ၀မ်းတွင်း မှာကတည်းက အသက်ဆုံးရှုံးပြီး အပြင်ကိုရောက်လာတတ်ပါတယ်။ မိလူးစူး ရင်ဆိုင်နေရတဲ့ အခက်အခဲကလည်း အဲဒီလိုမျိုးဖြစ်နေတော့ မိလူးစူ အနေနဲ့ ရင်သွေးလေး အတွက် စိတ်ပူရတော့တာပေါ့ ….. မြင်းခွာသံတွေ တစ်ဖြည်းဖြည်း ကျောက်ဂူနဲ့ နီးလာတယ်။ ရင်သွေးလေးကို မျက်လုံးထဲမှာ မြင်လိုက် … နားထဲကနေ မြင်းခွာသံတွေက စိမ့်ဝင်လာလိုက် … ရှေ့မှာ တ၀ုန်းဝုန်းတောက်လောင်နေတဲ့ မီးတောက် မီးလျှံတွေကို ကြည့်လိုက်နဲ့ အသက် တစ်ချက်ရှိုက်သွင်လိုက်တယ်။ တစ်ဖြည်းဖြည်းနီးလာတဲ့ မြင်းခွာသံတွေ ကျောက်ဂူရှေ့ကို အရောက်မှာပဲ … တစ်ကိုယ်လုံး ရှိရှိသမျှ အားအင်တွေကို စုစည်းပြီး ရင်သွေးလေးကို မြင် ယောင်ရင်း အင်အားအကုန်စိုက်ထုတ်လိုက်တယ်… နောက်ဆုံးပင့်သက် အားအင်တွေရဲ့ ရလဒ်ကတော့ ရင်သွေးလေးကို အောင်မြင်စွာ မွေးထုတ်နိုင်ခြင်းပေါ့ …

ကျွန်တော် မှတ်မိသလောက် ဇာတ်လမ်းကြောရိုးကိုယူပြီး ရေးသားထားခြင်းဖြစ်ပါတယ်။ မိခင် တိုင်းဟာ သား၊ သမီးတွေအပေါ်မှာ ထားတဲ့မေတ္တာတရားကတော့ ရိုးရိုးပဲမွေးမွေး၊ ခွဲပြီးတော့ ပဲ မွေးမွေး ဘယ်လိုပဲမွေးမွေးပါ ဘာနဲ့မှ နှိုင်းယှဉ်လို့ရမယ် မထင်ပါဘူး။ ဒါပေမယ့် ပေးဆပ်မှု ခြင်းတော့ မတူကြဘူးလို့ ထင်ပါတယ်။ ကျွန်တော် ဒီဝထ္တုတိုလေးကို ရေးပြီး ဘယ်လိုခေါင်းစဉ် ပေးရမလဲမသိဘူး ဖြစ်နေတယ်။ စဉ်းစားကြည့်တယ်။ နောက်ဆုံး အခုပေးထားတဲ့ ခေါင်းစဉ် အမည်လေးကို စိတ်ထဲမှာ ပေါ်ပေါ်ခြင်းပေးလိုက်ပါတယ်။

မိုးစက်

13 . 9 . 2007 ( AM 10:56 )

Type the rest of your post here.


ဆက်ဖတ်ရန်...

Sep 4, 2007

ယုံကြည်ခြင်း မနက်ဖြန်

ဒီတစ်ခါတော့ ကျွန်တော့်တို့ရဲ့မျိုးရိုးအကြောင်းကိုကြွားချင်ပါတယ်။ ကျွန်တော့် အဘိုး နဲ့ အဘွားအကြောင်းပါ။ ရှေးလူကြီးတွေဆိုပါတော့။ ကျွန်တော်တို့အိမ်မှာ ကျွန်တော်တို့မိသား စုရယ်၊ အဒေါ်တို့မိသားစုရယ်ဆိုပြီး ၂ စုနေပါတယ်။ ကျွန်တော်တို့က မောင်နှမ ၅ ယောက်၊ အစ်မတစ်ယောက်(အခုတော့ အိမ်ထောင်ကျသွားပါပြီ J )၊ ကျွန်တော်ရယ်၊ ညီသုံးယောက် ရယ်ဆိုတော့ ၅ ယောက်။ အဒေါ်ကတော့ သမီး ၃ယောက်ရှိပါတယ်။ ကျွန်တော့်အစ်မတွေ ပေါ့။ အဘိုးနဲ့အဘွားမှာ သားသမီး ၅ ယောက်ရှိပါတယ်။ ကျွန်တော့်အဖေ အပါအ၀င်ပါ။ အဘိုးနဲ့အဘွားက မိန်းကလေးဆိုရင် ဆံပင်အရှည်ထားမှ ကြိုက်ပါတယ်။ အဲဒီလိုပဲ သူတို့က နေမွေးဖွားလာတဲ့ သားတွေ မိန်းမယူမယ်ဆိုရင် ဆင်းရဲချမ်းသာ မခွဲခြားပါဘူး။ ရိုးသားမှု၊ ကိုယ်ကျင့်သိက္ခာတွေကို အဓိကထားပြီးကြည့်ပါတယ်။ နောက်တစ်ခုသူတို့ အဓိကထားပြီး ကြည့်တာက ရှေးလူကြီးတွေအမြင်ပေါ့ဗျာ။

ဆံပင်ရှည်ထားတာကို ကြည့်တတ်ပါတယ်။ အဖေယူတဲ့ မိန်းမ ကျွန်တော့်အမေဆိုရင်လည်း ဆံပင်အရှည်ပဲ။ ဦးလေးတွေယူတဲ့ မိန်မတွေ ဆိုရင်လည်း ဆံပင်အရှည်တွေချည်းပါပဲ။ အဲဒီလို မျိုးရိုးကနေ အဆင့်ဆင့်ပေါက်ဖွားလာတဲ့ သားတွေဆိုရင် ဆံပင်အရှည်ထားတဲ့ မိန်းကလေးတွေကို မြတ်နိုးတတ်လာတယ်။ မိန်းကလေး တွေဆိုရင်လည်း ဆံပင်ရှည်ထားတာကို တန်ဘိုးထားတတ်ပြီး သိမ်မွေ့စွာနေတတ်လာပါ တယ်။ တစ်အိမ် ထဲမှာနေတဲ့ အဒေါ်ကမွေးတဲ့ ကျွန်တော့်အစ်မတွေဆိုရင် အားလုံးဆံပင်ရှည် တွေချည်းပဲလေ။ ကျွန်တော်သိတတ်စ အရွယ်မှာပါ။ တစ်ရက် ကျွန်တော့်အစ်မ တစ်ယောက် ဆံပင်က နည်း နည်း အဖျားရှုးသွားတဲ့ပုံစံဖြစ်နေတယ်။ ဆံပင်တွေက အလယ်ကရှည်ပြီး ဘေးတွေက တိုနေ တဲ့ပုံစံဖြစ်နေတာပေါ့လေ။ အဲဒီလိုဖြစ်နေတော့ အစ်မက ဆိုင်မှာ ဆံပင်အ နားလေးတွေတိလာ တယ်။ ဆံပင်လေးတွေက အောက်အနားတိလာတော့ ပိုပြီးကြည့်လို့ အဆင်ပြေသွားတာပေါ့။ တိ လာတာကလည်း နည်းနည်းဆို နည်းနည်းလေးပဲထင်တာပဲ။ အစ်မက အပြင်ကနေပြန်လာ ပြီး စက်ဘီးလေးကိုအိမ်ထဲသွင်းပြီး အခန်းထဲကိုဝင်ခါနီးမှာ အဘွားက အစ်မဆံပင် တိဖြတ်လာ တာကိုသိသွားပါတယ်။
အလတ်မ ဒီကိုလာဦး … တော်တော်လေးကို လှချင်နေတယ်ပေါ့လေ..ဟုတ်လား …ဆံပင်တွေ ဖြတ်လာတယ်မို့လား…
ဟုတ်တယ် မေမေကြီး ဆံပင်တွေမညီလို့ သမီးနည်းနည်းလေး တိလာတာပါ…
အစ်မက အဲဒီလိုလည်းပြောပြီးရော… အဘွားက မိန်းကလေးတွေရဲ့ ဆံပင်တန်ဘိုးထားရခြင်း အကြောင်းတွေကို ဋီကာဖွင့်ပြီးပြောပါတော့တယ်။ အဲဒီလိုလဲပြောပြီးရော အစ်မ ကိုဆူပါလေ ရော။ ရိုက်တော့မရိုက်ပါဘူး။ ဆူတာမှ တဗြစ်တောက်တောက်နဲ့ကို တစ်နေကုန်ဆူတာပါ။ ၂ ရက်၊ ၃ ရက်လောက်ထိ မြေးဖြစ်တဲ့ အစ်မလတ်ကို စကားမပြောပါဘူး။ အဲဒီလောက်လေး ဆံပင်တိတာက အစ အဘွားက မကြိုက်တာ။ သူ့သမီး၊ ချွေးမ၊ မြေး၊ မြစ် အားလုံးကို ဆံပင် ရှည်ရှည်လေးတွေနဲ့ချည်း သူက မြင်ချင်တွေ့ချင်တာလေ။
အဲဒါကြောင့်ပဲလား၊ တိုက်ဆိုင်တာတွေပဲလားတော့ မသိပါဘူး။ ဦးလေးတွေ၊ အဒေါ် တွေက မွေးတဲ့ သားတွေ ကျွန်တော့်အစ်ကိုတွေပေါ့လေ။ သူတို့ရဲ့ အိမ်ထောက်ဖက်တွေက အစ အားလုံး ဆံပင်ရှည်လေးတွေချည်းပဲ။ တကယ်ဗျာ… ဆံပင်အတိုနဲ့ဆို တစ်ယောက်မှကို မရှိတာပါ။ အဲဒါကိုပဲ ကျွန်တော့်အဘွားက ဂုဏ်ယူနေတတ်ပါတယ်။ အစ်ကိုဝမ်းကွဲတွေနဲ့ ကျွန်တော်ဆိုရင် အသက်တွေတော်တော်ကွာပါတယ်။ သူတို့တွေအိမ်ထောင်ပြုတဲ့ အချိန်မှာ ကျွန်တော်က ငယ်ငယ်လေးပဲရှိပါသေးတယ်။ အိမ်ကိုလာလည်တဲ့ အမျိုးတွေ၊ အသိတွေဆိုရင် ဘယ်ကမြေးလေ …သူလည်း အိမ်ထောင်ကျသွားပြီ။ အခုဘယ်ရောက်နေတာ။ ငါ့မြေးပီသ လိုက်ပုံကတော့လေ … ယူတဲ့ကောင်မလေးကလည်း ဆံပင်ရှည်ရှည်လေးနဲ့ ချစ်စရာလေး သိလား… ဘာဖြစ်တယ်၊ ညာဖြစ်တယ်ပေါ့လေ။ အဲဒီလိုကို ဂုဏ်ယူတတ်တာပါ။ ကျွန်တော် ၁၀ တန်းဖြေခါနီးအချိန်မှာပဲ ကျွန်တော့်အဘွားဆုံးသွားပါတယ်။ အဘွားမဆုံးခင် ကျွန်တော်တို့ ညီအစ်ကိုတွေကို မှာခဲ့သေးတယ်။ နောင်တစ်ချိန် အိမ်ထောင်ပြုရင် အစ်ကိုတွေကို အတုယူပါ တဲ့လေ….
အဲဒီမှာစတွေ့တာပဲဗျာ… ကျွန်တော် ချစ်ရတဲ့ သူမကဆံပင်တိုတိုနဲ့ပဲ နေတတ်တာလေ။ ငယ်ငယ်လေးကတည်းက ဆံပင်တိုတို ဂုတ်ပေါ်ဝဲကျရုံလေးထားတတ်တာ။ သူမနဲ့ချစ်သူတွေ မဖြစ်ခင်ကတည်းက သူတို့အိမ်ကို အ၀င်၊ အထွက်ရှိတယ်လေ။ ကိုယ်ကချစ်နေရတာဆိုတော့ သူမကိုအမြဲအကဲခတ်နေရတာပေါ့။ တစ်နေ့ သူ့အမေက သူ့ကိုကြည့်ပြီးပြောတယ်။
သမီးရယ်…ဆံပင်ရှည်ရှည်လေးထားပါလားဟင်… မိန်းကလေးဆိုတာ ဆံပင်ရှည်ရှည်လေးနဲ့မှ ကြည့်လို့ကောင်းပြီး၊ အိနြေ္ဒရှိတာသမီးရဲ့ …
ဟာ…အမေကလည်း အိုက်ကအိုက်၊ ပူကပူနဲ့ ဆံပင်ရှည်ကြီးနဲ့ မနေတတ်ပါဘူး။ ဆံပင်တိုနဲ့ပဲ နေတတ်တာ။ သမီးကိုဆံပင်ရှည်ထားဖို့ မတိုက်တွန်းပါနဲ့အမေရာ။
အသက်ကြီးလာတဲ့အခါကြတော့ ကြည့်လို့မကောင်းဘူး သမီးရဲ့
စိတ်ချအမေရေ…အသက်ကြီးလာတဲ့အခါကျရင်လည်း သမီးက တရုတ်မကြီးတွေလို ဆံပင်တို တိုလေးနဲ့ပဲနေမှာ…
သွားပါပြီဗျာ… သူမရဲ့ပြောစကားကိုကျွန်တော်ကြားရတော့ တော်တော်လေးကို စိတ်ပျက် သွားမိတယ်။ သြော်….ခက်ချေပြီ။ ဘယ်လိုလုပ်ရပါ့ …
တစ်ရက် ကျွန်တော်အပြင်ကနေပြန်လာတယ်။ အစ်မလတ်က ဆံပင်ရှည်ကိုခေါင်းဘီး နဲ့သေချာဖီးနေတယ်။ ပြီးတော့ ဗူးလေးတစ်ဗူးထဲက အရည်တွေကိုလက်ထဲထည့် ပြီးတော့ ဆံပင်ကိုလိမ်းနေတယ်။ အုန်းဆီလည်းမဟုတ်ဘူး အညိုရောင်အရည်တွေ။
အစ်မလတ် …အဲဒါဘာအရည်တွေလည်း ဟင်…
အဲဒါလား …လက်ဖက်အဆီတွေ ငါ့မောင်ရဲ့ … ဆံပင်ကို မှန်မှန်လိမ်းရင် နက်မှောင်လာတယ် လေ…အဘွားကပြောတာ… အခုလိုညပိုင်းအိပ်ခါနီးအချိန်မှာ လက်ဖက်အဆီကိုလိမ်း၊ နောက် နေ့ တယော်ကင်မွန်း၊ ထော်လပတ်ရွက် တွေနဲ့ခေါင်းလျှော်လိုက်ရင် ဆံပင်လည်းသန်တယ်… ပိုပြီးတော့လည်း နက်မှောင်တယ် ငါ့မောင်ရဲ့တဲ့ …သြော် ..သြော်လို့ ရေရွတ်မိပါတယ်။
ဘယ်လိုပဲတားတား နှလုံးသားက မရပါဘူး။ သူဆံပင်တိုတာနဲ့ပဲ မချစ်ရတော့ဘူးတဲ့ လား။ မိန်းမကောင်း၊ မိန်မမြတ်ရဲ့ အင်္ဂါရပ်တွေထဲမှာ ဆံပင်ရဲ့ကောင်းခြင်းဆိုတာ ပါတယ်တဲ့။ မတတ်နိုင်ဘူး။ ချစ်နေတော့လည်း အပြစ်ကမမြင်နိုင်ဘူးလေ။ ဆံပင်တိုတော့လည်း ဘာဖြစ် လည်း။ ခေတ်ဆိုတာကိုနားလည်ပေးရမယ်။ ဒီလောက် ပူအိုက်နေတဲ့ မန္တလေးလိုရာသီဥတု မျိုးမှာ ဆံပင်အရှည်ထားရမယ်ဆိုတော့လည်း မလွယ်တဲ့ကိစ္စပဲပေါ့။ အင်း …ခက်လိုက်တာ ချစ်ရသူရယ်… တစ်ခုသောလရဲ့ ဗုဒ္ဓဟူးနေ့မှာ သူမကိုကျွန်တော် ဖွင့်ပြောဖြစ်တယ်။ ဘ၀ တစ်သက် တာလုံးအတွက်ဆိုတော့ စဉ်းစားပါရစေဦးပေါ့။ သိပ်မကြာပါဘူး … တစ်ခုသောလ ရဲ့ တနင်္လာ နေ့မှာပဲ သူ့ဆီက ချစ်အဖြေလေးရခဲ့တယ်။ ပျော်လိုက်တာ… မပြောပါနဲ့တော့ ။
သူမနဲ့ကျွန်တော် ချစ်သူတွေဖြစ်ပြီးတဲ့နောက်မှာတော့ သူ့ကိုကျွန်တော် ဆံပင်ရှည်ထားဖို့ စည်းရုံးရပါတော့တယ်။ ငယ်ငယ်လေးကတည်းက ဆံပင်တိုတိုလေးနဲ့ နေလာတဲ့သူ့ကို ကျွန်တော် ဘယ်လိုစည်းရုံးရမှန်းမသိ။
ကျွန်တော်နဲ့သူမ မန္တလေး ဘုရားကြီးကို သွားဖူးကြတယ်။ ဘုရားဖူးပြီးတာနဲ့ ဂြိုလ်တိုင် ဘုရားတွေမှာရေသပ္ပာယ်ဖြစ်ကြတယ်။ ဆံပင်ရှည်ရှည်နဲ့ မိန်းကလေးတစ်ယောက်က ကျွန်တော်တို့ ဂြိုလ်တိုင်အနားမှာလာပြီး ရေသပ္ပာယ်တယ်။ ဆံပင်က ခါးလောက်ထိရှည်ပြီး ဆံပင်အုံကလည်းထူတော့ ကြည့်ရတာ အိနြေ္ဒရှိတာပေါ့။ သူရဲ့လက်ကလေးကို ကိုင်ပြီး ပထမဦးဆုံးအကြိမ် စကားစမိတယ် …
မ … မရဲ့မျက်နှာလေးကလေ ဆံပင်ရှည်ရှည်လေးနဲ့သာဆိုရင်ပိုပြီး ချစ်ဖို့ကောင်းမယ် ထင်တယ်နော်။ ဆံပင်ရှည်လေးထားကြည့်ပါလား ဟင်။
ဟာ…မထားချင်ပါဘူး…အရင်ကတည်းက ဆံပင်တိုတိုလေးနဲ့ နေတတ်တယ်ဆိုတာ သိရဲ့သား နဲ့ …မထားချင်ပါဘူး မောင် ရာ။
ဒုတိယအကြိမ် ကျွန်တော် ထပ်ကြိုးစားကြည့်တယ်။ အဲဒါက ဘာလဲဆိုတော့ ကျွန်တော်တို့ရဲ့ မျိုးရိုးစဉ်ဆက် အဒေါ်တွေ၊ အစ်မတွေ၊ မရီးတွေ အားလုံး ဆံပင်ရှည်လေးတွေ နဲ့ ယဉ်ယဉ်လေးနေထိုင်တတ်တဲ့အကြောင်း၊ ဆံပင်ရှည်လေးတွေကို ဘယ်လိုတန်ဘိုးထား တတ်တယ်ဆိုတဲ့အကြောင်းလေးတွေကို ချစ်သူကိုပြောပြမိတယ်။ ငြိမ်ငြိမ်ကလေးနားထောင် ပြီး ကျွန်တော့်ကို မေးပါတော့တယ်။
မောင် က မ ဆံပင်ရှည်မထားရင် မချစ်တော့ဘူးလားဟင် …တဲ့။
အဲဒီလိုလဲ မဟုတ်ဘူးလေ။ မောင် က ဖြစ်စေချင်တာကို တိုက်တွန်းတာပါ။ ဆံပင်အတိုလေးနဲ့ ဆိုရင်လည်း ချစ်မှာပဲ။ ဘာမှမဖြစ်ဘူး ... နော် … မ …
ဘယ်လိုစည်းရုံးရပါ့မလဲ။ ဒီလိုနဲ့ သူ မဟာသိပ္ပံဘွဲ့ယူရမယ့်နေ့ကိုရောက်လာတယ်။ ထုံစံအတိုင်း မိုးကုတ်ပေါက်ပေါက်မှာ မိတ်ကပ်လိမ်းပါရော။ မဟာဘွဲ့ယူမှာဆိုတော့ ဆံထုံးနဲ့မှ အဆင်ပြေမှာလေ။ ဆံပင်ကတိုနေတဲ့အခါကြတော့ ဆံထုံးအတုလုပ်ပြီး နောက်ကဆံပင်တွေ ကိုအပေါ်ကိုသပ်တင်တဲ့အခါမှာ ကော်တွေများများသုံးရပါလေရော။ သူမက အဲဒီကော်ရေတွေ ဖြန်းပြီး ဆံပင်တွေကို အပေါ်သပ်တင်လိုက်တဲ့အခါ ခေါင်းမူးတော့တာပါပဲ။ ဘယ်လိုဆိုင်လဲ တော့ မသိဘူး။ စိတ်ကြောင့်ထင်ပါရဲ့။ သူအဲဒီလိုဖြစ်တဲ့အခါ ကျွန်တော့်အတွက် ပြောဖို့အခွင့် အလမ်းပွင့်လာပါတယ်။
အဲဒါကြောင့် မကိုမောင် ပြောတာပေါ့ …ဆံပင်အရှည်လေးနဲ့သာဆိုရင် ဘာကော်မှသုံး စရာလိုမှာ မဟုတ်ဘူး အသားလေးအပေါ်ကို သပ်တင်လိုက်ရုံပဲလေ … ဟုတ်ဘူးလား …
ဘွဲ့ယူအခမ်းအနားပြီးတဲ့အထိ လက်ထဲမှာ ရှုဆေးဘူးလေးနဲ့ ခေါင်းမူးတာကိုဖြေဖျောက်နေတဲ့ သူမကိုကြည့်ပြီး ကျွန်တော် သက်ပြင်းမသိမသာလေးချမိတယ်။
အဖြူ၊ အနီ၊ အ၀ါ အရောင်တွေရှိတဲ့ နှင်းဆီခင်းထဲကို ကျွန်တော်ရောက်နေတယ်။ လက်ထဲမှာလည်း ကပ်ကြေးတလက် ကိုင်ပြီးအပွင့်လှတဲ့ပန်းတွေကိုခူးနေမိတယ်။ ခူးပြီးတဲ့ ပန်းတွေကို လက်ဆွဲခြင်းလေးထဲကို အစီအရီထည့်နေတုန်း …
အဲဒီပန်းတွေက မ အတွက် ခူးနေတာလား ဟင်…
ရုတ်တရက် ကြားလိုက်တဲ့ အသံကြောင့် ကျွန်တော် ဟိုဟိုဒီဒီ ရှာကြည့်မိတယ်။ ကျွန်တော်နဲ့ မလှမ်းမကမ်းမှာ အဖြူ နဲ့ လိမ္မော်စပ်ထားတဲ့ ပါတိတ်ဝတ်စုံလေးနဲ့ ခါးထိရှည်လျားပြီး နက်မှောင်တဲ့ ဆံကေသာတွေနဲ့ ကျွန်တော့်ဘက်ကို ကျော ပေးထားတဲ့ သူမကိုတွေ့လိုက် ရတယ်။ ပန်းတွေထည့်ထားတဲ့ ခြင်းလေးကိုကိုင်ပြီး သူမဆီကို ကျွန်တော် ပြေးသွားမိတယ်။
ရှည်လျားလှတဲ့ဆံကေသာတွေကြားထဲမှာ မျက်နှာတစ်ခြမ်းကဖုံးကွယ်နေတယ်။
မောင် … ဘာကြည့်နေတာလဲ … မ ကိုပန်းတွေ ပန်ပေးလေ …
သနပ်ခါးရေကျဲလေးလိမ်းထားပြီး ရှက်ပြုံးကလေးနဲ့ သူမထပ်ပြောလာတော့မှ ပန်းခြင်းထဲက ပန်းတွေအားလုံး သူမခေါင်းပေါ်မှာ ဝေနေအောင်ကို ပန်ပေးလိုက်တယ်။ ပန်းတွေလည်း ပန်ပေးပြီးရော… ကျွန်တော့်ကိုတွန်းလွှတ်ပြီး သူမ အဝေးကိုထွက်ပြေးသွားတော့တယ်။
ထွက်ပြေးသွားတဲ့ အရှိန်နဲ့အတူ လေထဲမှာလွင့်မြောသွားတဲ့ ချစ်သူရဲ့ ဆံနွယ်စ လေးတွေကို အဝေးကနေ ကြည့်ပြီး … မ ….လို့ အော်ခေါ်ရင်း ကျွန်တော် အိပ်ယာကနေ လန့်နိုးလာတယ်။ ကျွန်တော် အိပ်မက် မက်နေတာကိုး။ ခေါင်းအုံးလေးကို ကျစ်ကျစ်ပါအောင် ဖက်ထားရင်း အိပ်မက်ထဲက ချစ်သူရဲ့ပုံရိပ်လေးကို မြင်ယောင်ကြည့်နေမိတော့တယ်။
နောက်နေ့မနက်မှာတော့ ကျွန်တော့်ရဲ့ အိပ်မက်အကြောင်းကို သူ့ကိုပြောပြဖြစ်တယ်။ အိပ်မက်ထဲမှာ ဆံပင်ရှည်ရှည်လေးနဲ့ မ က ဘယ်လိုယဉ်တယ် ဆိုတဲ့အကြောင်း၊ ဘယ် လောက်ချစ်ဖို့ကောင်းတယ်ဆိုတဲ့ အကြောင်း၊ ပန်းတွေပန်ထားတဲ့ မရဲ့ပုံရိပ်ကိုအခုထိဆွဲနေ တယ်ဆိုတဲ့အကြောင်းလေးတွေ ပြောပြလိုက်တော့ … သူ့ရဲ့မျက်နှာမှာ လေးနက်တဲ့ပုံစံဖြစ် သွားတယ်။ ဂုတ်ပေါ်ဝဲကျနေတဲ့ ချစ်သူရဲ့ ဆံနွယ်လေးတွေကို ကိုင်ကြည့်ရင်း … ချစ်သူရယ်… ဆံနွယ်ရှည်လေးထားပါနော်လို့ စိတ် ထဲကနေပြောနေမိတယ်။ ဘာမှမကြာလိုက်ပါဘူး နောက် ရက်လည်းကျရော သူမက ဆံပင်တွေထပ်ညှပ်ပြစ်လိုက်တယ်။ တွေ့နေကျအအေးဆိုင်းလေး မှာသူမအလာကိုစောင့်ရင်း ကျွန်တော် နာရီလေးတစ်ကြည့်ကြည့်လုပ်နေမိတယ်။ ဆိုင်ရှေ့ကို သူ့ရဲ့ဆိုင်ကယ်လေးရောက်အလာ၊ ဆိုင်ကယ်ဦးထုပ်လေးကိုချွတ်လိုက်တဲ့အချိန်ကျမှ ကျွန်တော် သတိထားမိတာပါ။ ကျွန်တော့်ရဲ့ စည်းရုံးသိမ်းသွင်းရေး မျှော်လင့်ချက်လေး တစစီ အရည်ပျော်သွားသလို၊ အဲဒီနောက်ပိုင်း သူမ ကိုဆံပင်ရှည်ထားဖို့ ကျွန်တော် ဘယ်တော့မှ မတိုက်တွန်းတော့ပါဘူး။ အဲဒီအတွက် သူမအပေါ်ထားရှိတဲ့ ကျွန်တော့်ရဲ့ ချစ်ခြင်းမေတ္တာတွေ ဟာ လျော့နည်းသွားခြင်း မရှိပါဘူး။ ကိုယ့်ချစ်သူကို ကိုယ့်မိသားစု၊ ပတ်ဝန်းကျင်နဲ့ကိုက်ညီ အောင် ရိုးရိုး ယဉ်ယဉ်လေးနဲ့ ဖြစ်စေချင်တဲ့ သဘောနဲ့ ဆံရှည်လေးထားဖို့တိုက်တွန်းကြည့် တာပါ။ သူကလည်း ငယ်ငယ်လေးကတည်းက ဆံပင်အတိုလေးနဲ့ နေလာခဲ့သူဆိုတော့လည်း အခက်သားလား။
ကျွန်တော် နိုင်ငံခြားကို ပညာတော်သင်သွားဖို့ ရွေးချယ်ခြင်းခံရတယ်။ လိုအပ်တဲ့ ပြင်ဆင်မှုတွေအတွက် ၆ လတာစခန်းသွင်းပြီး အချိန်ယူတယ်။ ပြီးတာနဲ့ ဆေးစစ်၊ ၀င်ခွင့် စာမေးပွဲတွေဖြေနဲ့ ၉ လတာကြာခဲ့တယ်။ ဒီကြားထဲ သူနဲ့ တွေ့လိုက်၊ မတွေ့လိုက်ပါပဲ။ အားလုံး ပြင်ဆင်ပြီးတဲ့ နောက်မှာတော့ ကျွန်တော် ဒီကို ပညာတော်သင်ရောက်လာခဲ့တယ်။ ကျွန်တော် ပညာသင်ရတဲ့ကျောင်းက ဒီနိုင်ငံကြီးရဲ့ နယ်မြို့လေးတစ်မြို့မှာပါ။ ဆက်သွယ်မှု အနည်းငယ် ခဲယဉ်းတယ်။ ရောက်ရောက်ခြင်းမှာပဲ ကျွန်တော်စာတွေထဲကို စိတ်တွေနှစ်ထားလိုက်တယ်။ သူမကို အရမ်းသတိရတယ်။ ဆက်သွယ်မှုတစ်ခုခု လုပ်ချင်တယ်။ ဒါပေမယ့် စရောက်ခါစမှာ ဘာဆိုဘာမှ မလုပ်တတ်၊ မကိုင်တတ်နဲ့ဆိုတော့ ဆက်သွယ်ရေး ခဲယဉ်းသလိုဖြစ်နေခဲ့တယ်။ ရောက်ပြီး Semester တစ်ခုပြီးဆုံးတဲ့အချိန်မှာတော့ သူမဆီကိုကျွန်တော် စာတစ်စောင်ရေး ဖြစ်တယ်။ မ မရှိတဲ့နေ့ရက်တွေအတွက် လွမ်းရတဲ့ အကြောင်းတွေပေါ့။ ကျောင်းပိတ်ရက်တွေ ကျော်လွန်ပြီး Semester တစ်ခုပြန်စတက်ရတယ်။ ကျောင်းဖွင့်ပြီး တစ်လလောက်အကြာမှာပဲ သူမ ဆီကနေ စာတစ်စောင်ပြန်ရောက်လာတယ်။ ကျွန်တော်က မ မရှိတဲ့နေ့ရက်တွေအတွက် လွမ်းရတဲ့ အကြောင်းတွေရေးဖွဲ့ထားသလို၊ သူကလည်း မောင့်အနားရှိနေမှာ မ ပါတဲ့။ စာလေး ရဲ့အဆုံးမှာ P.S ဆိုပြီး ………..
မောင် ….. မ ဆံပင်ရှည်ထားနေပြီနော် …တဲ့ ။
ကျွန်တော် အရမ်းကိုပျော်သွားတယ်ဗျာ။ တစ်ခါတစ်ရံမှာ အချစ်စိတ်ဟာ အရမ်းကိုဆန်းကြယ် တာပဲနော်။ အဲဒီညမှာပဲ ကျွန်တော် အိပ်မက်လေးတစ်ခုပြန်မက်တယ်။ အိပ်မက်ထဲမှာလေ ချစ်သူရဲ့ ဆံကေသာတွေအပေါ်မှာ ပန်းတွေပန်ပေးနေတယ်တဲ့လေ … အဝေးတစ်နေရာကနေ ချစ်သူကို မြင်ချင်တွေ့ချင်စိတ်က ကျွန်တော့်ကိုအရမ်းလွှမ်းမိုးထားပါတယ်။ သူမရဲ့ ပုံရိပ်တွေ ကိုလည်း စိတ်ကူးထဲမှာ အမျိုးမျိုးပုံဖော်ကြည့်နေမိတယ်။
လွမ်းတယ် …… လွမ်းတယ်ချစ်သူရယ် …..
အချိန်တွေကုန်ဆုံးပြီး ပညာသင်နှစ်တစ်ခုရဲ့ နောက်ဆုံး Semester ကိုဖြေဆိုပြီးတဲ့အချိန်မှာ တော့ နယ်မြို့ကျောင်းလေးကနေ ဒီမြို့ကိုပြောင်းလာပြီး ကျန်ရှိတဲ့အပိုင်းတွေကိုဆက်လက် သင်ယူကြရတယ်။ အဲဒီမှာပဲ အင်တာနက်ဆိုတာနဲ့ ကျွန်တော် စတင်ရင်နှီးခဲ့တယ်။ သူမနဲ့ အတူ အင်တာနက်ကနေ စကားပြောနိုင်ဖို့အတွက် အမျိုးမျိုးကြိုးစားတယ်။ နောက်ဆုံးမှာ တော့ မန္တလေး အင်တာနက်ဆိုက်ဘာတစ်ခုရဲ့ အကူအညီနဲ့ သူမနဲ့အတူ စကားပြောမယ့် နေ့ရက်တွေကို ချိန်းဆိုလိုက်တယ်။ မနက်ဖြန်ဆိုရင် ချစ်သူရဲ့ အသံနဲ့ ချစ်သူရဲ့ပုံရိပ်တွေကို မြင်တွေ့ရတော့မယ်။ ညကတည်းက ကျွန်တော့်ရဲ့ ကွန်ပျူတာမှာ Skype, Googletalk, VZO အားလုံး Install လုပ်ထားလိုက်တယ်။ ချစ်သူရဲ့ ပုံရိပ်ကိုဖမ်းယူပေးမယ့် Webcam ကိုလည်း ချွတ်ချော်မှုမရှိရအောင် အတန်တန်းစိစစ်ပြီးတဲ့အချိန်မှာတော့ ကုတင်ပေါ်မှာ ခဏလှဲနေမိ တယ်။ မျက်နှာကျက်ကနံရံမှာ ချစ်သူကိုမြင်တွေ့နေရတယ်။ ရှက်ပြုံးလေး ပြုံးပြပြီး၊ ကျွန်တော့် ကို ကြည့်နေလေရဲ့ …
အပြင်မှာနှင်းတွေဝေနေတယ်။ ချမ်းစိမ့််တဲ့ ရာသီဥတုကြောင့် အနွေးထည်အပါးတစ် ထည်ဝတ်ပြီး ကွန်ပျူတာရှေ့မှာထိုင်လိုက်တယ်။ ချစ်သူနဲ့ချိန်းဆိုထားတဲ့ မြန်မာစံတော်ချိန် ရောက်တော့မယ်လေ။ Skype, Googletalk, VZO အားလုံးကိုဖွင့်လိုက်တယ်။ သူမအတွက် ပြုလုပ်ထားတဲ့ nick name လေးတွေ စိမ်းလာမယ့်အချိန်ကိုစောင့်နေလိုက်တယ်။ ပထမဦးဆုံး Googletalk မှာ သူမရဲ့ nick name လေးစိမ်းလာတယ်။ ဆိုက်ဘာကညီမလေးက Webcam ပါကြည့်လို့ရအောင် Skype ကနေခေါ်ပေးပါလို့ပြောလာတယ်။ ကျွန်တော့်ဘက်ကနေ သူမရဲ့ nick name လေးကို ခေါ်ဆိုလိုက်တော့ တီ……တီ……တီ မြည်သံနဲ့အတူ ကျွန်တော့်ရဲ့ရင် ခုန်သံတွေကလည်း တဒိန်းဒိန်းနဲ့ ခုန်နေမိတယ်။ Connecting ဆိုတဲ့ စာတန်းလေးအပြီးမှာ တော့ Skype ရဲ့ Videocam ကနေပြီး ချစ်သူရဲ့ ပုံရိပ်လေးကို မြင်တွေ့ရတော့တယ်။ အဖြူ ရောင်ဆွယ်တာ အင်္ကျီလေးဝတ်ထားပြီး၊ ပုခုံးကျော်ကျော်လေး ၀ဲကျနေတဲ့ ဆံကေသာတွေနဲ့ အတူ ချစ်သူရဲ့ ပုံရိပ်တွေကို ကျွန်တော် အင်တာနက်ကနေတစ်ဆင့် မြင်တွေ့ခွင့်ရလိုက်တယ်။ ကျွန်တော့်ရဲ့ ညာဘက်လက်လေးနဲ့ သူရဲ့ ဆံကေသာတွေကို ဖန်သားပြင်ပေါ်ကနေတစ်ဆင့် ကျွန်တော်ကိုင်ကြည့်နေမိတယ်။ ချစ်သူနှစ်ဦး အလွမ်းစကားတွေ၊ သတိရကြောင်းတွေ ပြောဆို ပြီးတဲ့ အချိန်မှာတော့ …
မ …. မောင် နမ်းပါရစေနော် လို့ကျွန်တော်ခွင့်တောင်းမိတယ် … ချစ်သူက အလိုက်သိစွာပဲ မျက်လုံးကလေးမှိတ်လို့ ခေါင်းလေးမော့လာတယ်လေ။ ချစ်သူရဲ့ ဆံနွယ်တွေကြားထဲက သနပ်ခါးရေကျဲလေးလိမ်းထားတဲ့ ပါးပြင်ပေါ်ကို ဖန်သားပြင်ပေါ်ကနေတစ်ဆင့် အနမ်းလေး တစ်ပွင့်လက်ဆောင်ပေးလိုက်မိတယ် …


" ယုံကြည်ခြင်း မနက်ဖြန်"
စွယ်တော်ရွက်လို
တစ်ရွက်ကိုတစ်ရွက်
လက်ခြင်းယှက်လို့
နှစ်ကိုယ့်တစ်စိတ်
နှစ်ရိပ်တစ်လွှာ
နှစ်မွှာအသည်း
အမြဲတစ်ထပ်တည်းကျလို့
ဝေလည်းအတူ ဝေချင်တယ်
ကြွေလည်းအတူ ကြွေချင်တယ် ( မ ရယ် ) …

ချစ်သူလက်ဆွဲ
ဘ၀တိုက်ပွဲကို
ရင်ဆိုင်ကျော်လွှား
ခွန်အားအပြည့်နဲ့
ကြိုးစားနေသူမို့
ဒီ မောင် ပြန်အလာကို
လက်ရေချိုးလို့
စောင့်နေပါတော့ ( မ ရယ် ) …

မိုးစက်
4 . 9 . 2007 ( AM 2:16)



ဆက်ဖတ်ရန်...